close
Connect with us

Hi, what are you looking for?

သတင်း

နှစ်ဆန်းမှာ ရန်သူဗဟိုချက်ဒေသတွေကို ခြိမ်းခြောက်နိုင်တဲ့အထိ စစ်ရေးရည်မှန်းချက် ဖော်ဆောင်တဲ့ တပ်ဖွဲ့ဝင်တွေကို NUG ဂုဏ်ပြု

၂၀၂၆ နှစ်ဦးပိုင်းမှာ အရေးကြီးတဲ့ အောင်ပွဲတွေကို တိုက်ခိုက်ရယူပေးနိုင်ခဲ့တဲ့တပ်ဖွဲ့ဝင်အားလုံးကိုဂုဏ်ပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်ဆန်းအောင်ပွဲဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဇန်နဝါရီ-၂၅၊ ၂၀၂၆။ ဟန်နွေ/People’s Spring

၂၀၂၆ နှစ်ဦးပိုင်းမှာ အရေးကြီးတဲ့ အောင်ပွဲတွေကို တိုက်ခိုက်ရယူပေးနိုင်ခဲ့တဲ့တပ်ဖွဲ့ဝင်အားလုံးကိုဂုဏ်ပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်ဆန်းအောင်ပွဲဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

အခုနှစ်ဆန်းမှာ ရန်သူရဲ့ အရေးကြီးစခန်းတွေကို ထိုးဖောက်တိုက်ခိုက် သိမ်းပိုက်နိုင်ရုံသာမက မြို့သိမ်း တိုက်ပွဲများကိုပါ ဆင်နွှဲပြီး အောင်မြင်စွာ ဆုတ်ခွာတာ၊ဗျူဟာကျတဲ့လမ်းပိုင်းတွေကိုအောင်မြင်စွာ သိမ်းပိုက် စိုးမိုးထားနိုင်တာ၊အရေးကြီးတဲ့တိုက်ပွဲတွေဆင်နွှဲရာမှာဟန်ချက်ညီ၊ချိန်သားကိုက် လုပ်ဆောင်နိုင်ဖို့ ကွပ်ကဲမှုတစ်ခုတည်းအောက်မှာ ပူးပေါင်း ဆောင်ရွက်နိုင်တာတွေ အတွက် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ယူကြောင်း ပြောကြားခဲ့တာပါ။

“လက်ရှိရရှိထားသည့် အောင်ပွဲများကို အရှိန်မြှင့် ရှေ့ဆက်ရင်း ပြည်သူ လူထုတရပ်လုံး မျှော်ရည်ရာ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ကြပါစို့။”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဆန်းဗျူဟာကိုကြိုတင်တိုင်ပင်ရေးဆွဲခဲ့ကြတဲ့တော်လှန်ရေးခေါင်း ဆောင်တွေ၊ဗျူဟာတွေကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကဲမှုအောက် အဆင့်ဆင့်သော တပ်ဖွဲ့ဝင်တွေ၊ အသက်ခန္ဓာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြသူတွေ၊ ယခုလို တိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ပါဝင်ထောက်ပို့ပေးနေကြတဲ့ အနယ်နယ် အရပ်ရပ်မှ ပြည်သူတွေနဲ့ အောင်ပွဲများစွာအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ပံ့ပိုးပေးခဲ့ကြသူတွေ အားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

“ နှစ်ဆန်းအဖွင့်တွင် သတ်မှတ်ထားသည့် စစ်ရေးရည်မှန်းချက်များကို ရာနှုန်းပြည့်နီးပါးအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့ကြသလို အထူး သဖြင့်ရန်သူ၏အရေးပါသည့် ဗဟိုချက်ဒေသများကိုချဉ်းကပ်ခြိမ်း ခြောက်နိုင်သည်အထိ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးလည်း အားရကျေနပ်ခဲ့ကြပြီး ထိုလုပ်ဆောင်မှုများတွင် ပါဝင်ခဲ့ကြသူများ၊ ပံ့ပိုးကူညီခဲ့ကြသူများ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထပ်လောင်းပြောကြားရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။”လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

PDFတပ်ဖွဲ့တွေက ဇန်နဝါရီ ဒုတိယပတ်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

ဇန်နဝါရီ ၉ရက်မှာတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့သိမ်းပိုက်နိုင်မှု အပါအဝင် အဲဒီနေ့ တရက်တည်းမှာ စစ်ကောင်စီတပ်စခန်း ၁၄ ခုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းမှာလည်း မကွေးတိုင်း စစ်ဌာနနယ်မြေက စစ်ကောင်စီ အခြေပြု စခန်းတွေ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ၂၀၂၆ ဇန်နဝါရီ ၁ရက်မှာ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံး အပါအဝင် စစ်ကောင်စီ ထောက်တိုင်ရုံးတွေကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဟာ ကိုယ့်ခြေကိုယ့်လက်ဖြင့် ရပ်တည်နိုင်ပြီး တိုက်ပွဲဝင် အောင်ပွဲဆင်နိုင်နေပြီဖြစ်ကြောင်း တွေ့ရှိရသလို မဟာမိတ်တွေရဲ့ ထုတ်ဖော်ချီးမွမ်းမှုကို ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အခုလို တိုက်စွမ်းရည်ပြည့်ဝပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်ပွဲယူနိုင်အောင် ကျောချင်း ကပ် ရင်ချင်းအပ်ပြီး လေ့ကျင့်သင်ကြား၊ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုခေါင်းဆောင်တွေ တပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားဒေသက ပြည်သူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

BNRA လုပ်ရပ် တာဝန်ခံရမယ်လို့ NUG ပြည်ထဲရေး ဒုဝန်ကြီးပြော

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက် လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။

သတင်း

သူ့ရဲ့အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဩစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်သ်က ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ-၁၄၊၂၀၂၅။People’s Spring လွှတ်တော်မှာ အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို စောင့်ကြည့်ကြပ်မတ်တဲ့ တာဝန်ကို ယူထားတဲ့...

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။