close
Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေ ရှာဖွေမှုရပ်ဆိုင်း

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေကို ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီလို့ ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

(ကရင်နီပြည်အကျဉ်းထောင်အမှတ်(၁)က အကျဉ်းသားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အကျင့်စာရိတ္တပြုပြင်ရေးနှင့်ပြန်လည်ထူထောင်ရေး)

ဇန်နဝါရီ-၂၅၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေကို ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီလို့ ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးတဲ့ ရဲအကျဥ်းသားဟောင်း ထောင်ဝန်းထမ်းနှစ်ဦးအပါအဝင် ၈၁ ဦးအနက် ၆၈ ဦးက ထိုင်းနိုင်ငံဖက်ခြမ်းရောက်ပြီး ၁၃ဦးကို ကရင်နီတပ်တွေ ပြန်မိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ ဒီပြန်လည် ဖမ်းဆီးရှာဖွေမှုတွေကတော့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ရပ်နားထားလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ တွက်ချက်သုံးသပ်ချက်အရ၊ ပြီးတော့ သူတို့ သွားနိုင်တဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ ထိုင်းနိုင်ငံဖက်ကို အကုန်လုံးနီးပါး ရောက်ပြီဆိုတဲ့ သုံးသပ်ချက်နဲ့အညီ ကျွန်တော်တို့ ဒီ ဖမ်းဆီးမှုကို ကျွန်တော်တို့ ၂၂ ရက်နေ့ကတည်းက အကုန်လုံး ရပ်ထားလိုက်ပါတယ်။ ပြီးတော့ ထိုင်းကိုတော့ မနေ့ကအထိပေါ့နော်၊ ၂၃ ရက်နေ့ မနက် နောက်ဆုံးတစ်ယောက် ရောက်ရှိသွားတယ်ပေါ့နော်။ အဲ့တော့ ကုန်သွားပါပြီ” လို့ ဦးဗညားက ထွက်ပြေးစစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အကျဥ်းထောင်ကနေ ထွက်ပြေးဖို့အတွက် ထောင်ဝန်ထမ်းတွေအကူအညီ နဲ့ လွန်ခဲ့တဲ့ သုံးလက တည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး စစ်ကောင်စီရဲ့ ချိတ်ဆက်မှုတွေလည်းရှိခဲ့တယ်လို့ ပြန်ဖမ်းမိသူတွေရဲ့ထွက်ဆို ချက်အရ သိရပါတယ်။

“ ထောင်ဝန်ထမ်းနှစ်ဦးတော့ ပြန်မရဘူး။လက်နက် ငါးလက်ပြန်ရတယ်” လို့ IEC ရဲ့တွဲဖက်အတွင်းရေးမှုး က ပြောပါတယ်။

ဇန်နဝါရီ ၁၈ရက် မနက် ၁ နာရီခန့်က မယ်စဲ့ မြို့နယ်မှာရှိတဲ့ IECအကျဥ်းထောင်ကနေ စစ် သုံ့ပန်း စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင် ထွက်ပြေးသွားတယ်လို့ IEC က ကနဦး ထုတ်ပြန်ထားပါတယ်။ထွက် ပြေးအကျဥ်းသားတွေက လက်နက်ငယ် ကိုး လက်ကိုလည်းယူဆောင် သွားတယ်လို့ ဖော်ပြ ပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မယ်စဲ့မြို့နယ်ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နိုဝင်ဘာလဆန်းက အလုံးစုံ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီတပ်တွေရဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းဖြစ်သူ မြန်မာစစ်တပ် ရဲ့ ဗိုလ်အဆင့်ရှိသူ ကို ထိုင်းဘက်ခြမ်းမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းအချို့မှာ ဖော်ပြလာပါတယ်။

သတင်း

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေဆဲလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။