close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်မှာ တစ်ပတ်အတွင်း ရထားမတော်တဆမှု ၄ ကြိမ်ဖြစ်

တစ်ပတ်အတွင်း စပိန်မှာ ရထားမတော်တဆမှု ၄ ကြိမ်ထိ ဖြစ်ပွားခဲ့တဲ့နောက် ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေ ခေါင်းခဲနေပါတယ်။

တစ်ပတ်အတွင်း စပိန်မှာ ရထားမတော်တဆမှု ၄ ကြိမ်ထိ ဖြစ်ပွားခဲ့တဲ့နောက် ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေ ခေါင်းခဲနေပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့တုန်းက စပိန်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင် ရထားက ကရိန်းတစ်ခုကို ဝင်တိုက်ခဲ့တာကြောင့် လူ ၄ ဦး ဒဏ်ရာအနည်းအကျဉ်း ရခဲ့ပါတယ်။ ဆိပ်ကမ်းမြို့ ကာတာဂျီနာ အနီးမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ စပိန်မှာ တစ်ပတ်မပြည့်ခင် ကြုံရတဲ့ စတုတ္ထမြောက် ရထား မတော်တဆမှုလည်း ဖြစ်လာပါတယ်။

ရထားက မှောက်သွားတာ၊ လမ်းချော်သွားတာမျိုး မဖြစ်ခဲ့တာ အရမ်းကံကောင်းတယ်လို့ ကာတာဂျီနာမြို့ တည်ရှိရာ မာစီယာပြည်နယ် အရေးပေါ် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူတွေက မှတ်ချက်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇန်နဝါရီ ၁၈ ရက်နေ့တုန်းက စပိန်နိုင်ငံ တောင်ပိုင်းမှာ အမြန်ရထားတစ်စီးက ပြေးလမ်း ချော်ထွက်သွားပြီး အပြိုင်သံလမ်းပေါ်မှာ ဆန့်ကျင်ဖက် အရပ်ကနေ ခုတ်မောင်းလာတဲ့ ရထားကို ဝင်တိုက်လို့ လူ ၄၂ ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ရက်အကြာ ဇန်နဝါရီ ၂၀ မှာတော့ ဘာစီလိုနာမြို့နားမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရထားလမ်းဘေး အတားအဆီးနံရံက သံလမ်းပေါ် ပြိုကျနေတာကို ခရီးသည်တင် ရထားက တိုက်မိလို့ စက်ခေါင်းမောင်းသူ သေခဲ့သလို ခရီးသည် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဘာစီလိုနာမြို့ တည်ရှိရာ ကာတာလူညာ ပြည်နယ်ထဲမှာ နောက်ထပ် ရထားတိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ပထမနဲ့ ဒုတိယ ရထား မတော်တဆမှုတွေ အပြီးမှာတော့ စပိန်ရဲ့ အကြီးဆုံး ရထားဝန်ထမ်း သမဂ္ဂကြီးက လုံခြုံရေး စံနှုန်းတွေ မြှင့်တင်ပေးရေးကိစ္စ တောင်းဆိုဖို့အတွက် ဖေဖော်ဝါရီ ၉ ရက်ကစလို့ ၃ ရက်ကြာ စုပေါင်းသပိတ်ကြီး ဆင်နွှဲဖို့ နိုင်ငံအနှံ့က ရထားဌာန ဝန်ထမ်းတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ