close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာပါဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို ထရမ့် ပြန်ရုပ်သိမ်း

သူစိတ်ကူး ကြံစည်ထားတဲ့ နိုင်ငံတကာ အစုအဖွဲ့သစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

သူစိတ်ကူး ကြံစည်ထားတဲ့ နိုင်ငံတကာ အစုအဖွဲ့သစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

အခု သီတင်းပတ်ထဲမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့က ကမ္ဘာ့စီးပွားရေး ဖိုရမ် အစည်းအဝေးမှာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးဟာ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာ့အခင်းအကျင်းဟာ ပြိုကွဲမှုတွေဆီ ဦးတည်နေကြောင်း ဝေဖန် ပြောဆိုခဲ့တဲ့နောက် နိုင်ငံတကာ အာရုံစိုက်မှုကို ခံလာရပါတယ်။

ထရမ့်က ကနေဒါဟာ အမေရိကန်ကို မှီခိုရင်း ရေသာခို အချောင်လိုက်ရင်း ရှင်သန်ခွင့် ရနေတယ်လို့ ဝေဖန် ထိုးနှက်ခဲ့တာကိုလည်း ကာနေးက ငြင်းဆန်ခဲ့ပါသေးတယ်။ အဲဒီ ကိစ္စတွေ အပြီးမှာတော့ ထရမ့်က ကနေဒါကို ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ထားမှုကနေ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က ကာနေးကို တိုက်ရိုက် ရည်ရွယ်ပြီး အခုစာဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အရှိဆုံး ခေါင်းဆောင်တွေ စုဝေးကြမယ့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကိုယ်စား ပေးပို့ဖူးတဲ့ ဖိတ်ကြားစာကို ရုပ်သိမ်းမှုအဖြစ် မှတ်ယူစေလိုကြောင်း ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဖက်က ဘာမှတ်ချက်မှ မပေးသေးသလို ကနေဒါ ဝန်ကြီးချုပ်ရုံးဆီကလည်း တုံ့ပြန်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ကနေဒါ အစိုးရက ငြိမ်းချမ်းရေး ဘုတ်အဖွဲ့အတွက် ဖိတ်ကြား ခံရတဲ့ အကြောင်းကို အတည်ပြုခဲ့ပြီး ကာနေးကလည်း လက်ခံသွားဖွယ် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံရေး အကဲခတ်တွေကတော့ ထရမ့် ဦးတည်နေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုတာ ကုလသမဂ္ဂကို တိုက်ရိုက် ယှဉ်ပြိုင်ပြီး နိုင်ငံတကာ အရေးတွေမှာ ထရမ့်က လုပ်ပိုင်ခွင့် ပိုမို လက်ဝါးကြီး အုပ်လာနိုင်အောင် ဦးတည်နေတဲ့ ခြေလှမ်းတစ်ခုလို့ စွပ်စွဲ ဝေဖန်ထားကြပါတယ်။ အဖွဲ့ရဲ့ ပဋိညာဉ်အတွက် အဆိုပြု မူကြမ်းမှာ ထရမ့်က ဗီတိုအာဏာကို ဆွဲကိုင်ထားမယ် ဆိုတာမျိုး ထည့်သွင်း ရေးသားထားပါတယ်။

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ မူလက ဂါဇာစစ်ပွဲကို ရပ်ဆိုင်းစေပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး ကဏ္ဍတွေမှာ အကူအညီပေးဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ထရမ့်က ကုလသမဂ္ဂကို စိန်ခေါ်ပြီး တစ်စင်ထောင်မယ့် သဘောမျိုး အတိအလင်း ပြင်ဆင်လာတာပါ။ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ သူ့ရဲ့ ဖိတ်ကြားမှုတွေကို နိုင်ငံပေါင်း သုံးဒါဇင်လောက်ကလည်း လက်ခံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်လိုတဲ့ နိုင်ငံတွေဟာ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ခွင့်အတွက် ဒေါ်လာ တစ်ဘီလီယံ ပေးချေရမှာဖြစ်ပြီး အခမဲ့ ဝင်ရောက်ခွင့်ကတော့ ၃ နှစ် သက်တမ်း အကန့်အသတ်နဲ့ပဲ ရရှိမှာပါ။ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့ကတော့ ထရမ့်ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ စိတ်မဝင်စားကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: CNA
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတဒေါ်နယ်လ်ထရမ့်စီးနင်းလိုက်ပါလာတဲ့အမေရိကန်သမ္မတ စီးတော်လေယာဉ် Air Force Oneဟာ ပျံတက်ချိန်မှာ ပြဿနာ အသေးအမွှားတစ်ခု ကြုံခဲ့ပေမယ့် နောက်ကြောင်းပြန်လှည့်ပြီး ဘေးကင်းကင်းနဲ့ ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းချင်တဲ့ သူ့ဆန္ဒကို သမ္မတ ဒေါ်နယ်လ်ထရမ့်က အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့သလို ဒီကိစ္စမှာ နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိဘူးလို့ သတိပေးသွားပါတယ်။

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။