ဇန်နဝါရီ-၂၅၊ ၂၀၂၆။ People’s Spring
ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။


စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရှုတ်ချပွဲကို CRPH/NUG Support Group Australia က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဩစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနဲ့ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ကန်ဘာရာမြို့တွေက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။


ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက စစ်တပ်ရွေးကောက်ပွဲ အပိုင်း-၁ ကျင်းပတဲ့ ဒီဇင်ဘာ ၂၈၊ အပိုင်း-၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ရက်နဲ့ အပိုင်း-၃ ကျင်းပတဲ့ ဒီနေ့တို့မှာ ဆက်တိုက် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Public Service Announcement
ဓာတ်ပုံ – ပေးပို့

















































