close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ဆန္ဒပြပွဲတွေကြောင့် သေဆုံးသူ ၅၀၀ ကျော်လာ

အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု အရေအတွက်ဟာ ၅၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု အရေအတွက်ဟာ ၅၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

အီရန်မှာ ဒီဇင်ဘာ လကုန်ပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို တောက်လျှောက် အနီးကပ် စောင့်ကြည့်လာခဲ့တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး သတင်းအေဂျင်စီ (HRANA)က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သေဆုံးမှု အရေအတွက်ဟာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ၅၀၀၂ ဦးထိ ရှိလာကြောင်း သိရပါတယ်။

သေဆုံးမှု ဖြစ်စဉ်တွေမှာ အကြောင်းရင်းမျိုးစုံ ရှိတဲ့ထဲမှာ အများစုက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြမ်းဖက် ဖြိုခွင်းတာကို ခံခဲ့ရတဲ့ ဆန္ဒပြ ပြည်သူတွေ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ အရှိန်တက်လာတဲ့နောက် အီရန် အစိုးရဟာ ပြည်တွင်းမှာ နှစ်ပတ်ကြာ အင်တာနက်တွေ ဖြတ်တောက်ပစ်ခဲ့ပြီး အဲဒီကာလအတွင်း သတ်ဖြတ်မှုတွေက ပိုဆိုးခဲ့တယ်လို့ HRANAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

HRANAရဲ့ စာရင်းမှာတော့ ဆန္ဒပြသူ ၄၇၁၄ ဦး၊ အရွယ်မရောက်သေးတဲ့ ကလေး ၄၂ ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀၇ ဦး၊ ဆန္ဒပြပွဲမှာ မပါခဲ့ပေမယ့် အရှုပ်အထွေးတွေကြောင့် သေဆုံးခဲ့သူ ၃၉ ဦး ရှိခဲ့ကြောင်း ခွဲခြားပြထားပါတယ်။

ဒါပေမဲ့ နောက်ထပ် သေဆုံးမှုဖြစ်စဉ် ၉၇၈၇ ခုနဲ့ ပတ်သက်ပြီး အသိပေး အကြောင်းကြားထားမှုတွေကို ဆက်လက် စိစစ်နေဆဲလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ အီရန် အာဏာပိုင်တွေဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး လုပေါင်း ၂၇၀၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အီရန် အစိုးရက ဆန္ဒပြမှုတွေကို ပြည်တွင်းဆူပူမှုတွေအဖြစ် နာမည်တပ် ဖော်ပြခဲ့ပြီး အဲဒီဖြစ်ရပ်တွေကြောင့် လူ ၃၁၁၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ တကယ့် မြေပြင်အခြေအနေဟာ အဲဒီကိန်းဂဏန်းထက် အများကြီး အသေအပျောက် ပိုများခဲ့လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

နော်ဝေးနိုင်ငံ အခြေစိုက် အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အီရန် လူ့အခွင့်အရေးအဖွဲ့ (IHR)ကတော့ ဆန္ဒပြမှုတွေအတွင်း သေဆုံးမှုဖြစ်စဉ် ၃၄၂၈ ခုအတွက် စာရင်းတွေ ရထားကြောင်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ကိန်းဂဏန်းဟာ ၂၅၀၀၀ လောက်ထိ မြင့်တက်သွားနိုင်တယ်လို့လည်း IHRက သတိပေးထားပါတယ်။ အီရန်မှာတော့ ဇန်နဝါရီ ၂၃ ရက်နေ့ထိ အင်တာနက်တွေ ဖြတ်တောက် ခံထားရဆဲလို့ သိရပါတယ်။

ကိုးကား : AFP

ဓာတ်ပုံ-AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဓိပတိကြီး အယာတိုလာ အလီ ခါမေနီကို တိုက်ခိုက်တဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို အီရန်နဲ့ အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားတဲ့ အခြေအနေဆီ ဦးတည်သွားလိမ့်မယ်လို့ အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေပျံ့နှံ့နေချိန်မှာပဲအမေရိကန်ဟာအရှေ့အ လယ်ပိုင်း ဒေသတွင်းမှာရှိတဲ့စစ်စခန်းတွေက တပ် ဖွဲ့ဝင် တချို့ကို ရုပ်သိမ်းပြီး ရွှေ့ပြောင်းနေစေခဲ့ပါတယ်။