ဇန်နဝါရီ-၁၄၊၂၀၂၆။ထားမြတ်/People’s Spring
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက် လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်ခြင်း မပြုကြဖို့၊ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆိုပါဝင်ပတ်သတ်ခြင်းမပြုဖို့၊ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေ
ထိုင်ကြဖို့ ဇန်နဝါရီ ၁၄ရက်ထုတ်ပြန်တဲ့ပန်ကြား
ချက်မှာ ဖော်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်
ပြေးကာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း NUGက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

အခုဇန်နဝါရီလမှာ ထိုင်းရောက် မြန်မာချို့နဲ့ ထိုင်းနိုင်ငံသားအချို့အကြား ခိုက်ရန်ဖြစ်ပွားမှု အချို့ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ NUGက အခုလို ပန်ကြားချက် ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၅ ဇူလိုင်လကလည်း NUGက ထိုင်းရောက်မြန်မာတွေ အရေးနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားလျက် ဆက်လက် ကူညီစောင့်ရှောက်ပေးဖို့ ထိုင်းနိုင်ငံကို မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလငံနေရတဲ့ အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိတဲ့ နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊လူမှုအ
သိုင်းအဝိုင်းတို့နဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးသည့်အလျှောက် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုတွေကြေငာ့် ထွက်ပြေးခိုလှုံလာရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်းလည်း ဖော်ပြထားပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်
ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်
လည် နေထိုင်ကြမည့်သူများသာ ဖြစ်ကြောင်း NUG ကအသိပေးထားပါတယ်။

















































