close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စစ်ရှိန်မြှင့် တိုက်ခိုက်နေတဲ့ ပဲခူးခရိုင်တပ်ရင်း(၂)က တပ်သားသစ်တွေ ဖိတ်ခေါ်

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ရှိန်မြှင့်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနရှိ တပ်ဖွဲ့တခုဖြစ်သော ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းက တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ်ယူနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ရှိန်မြှင့်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနရှိ တပ်ဖွဲ့တခုဖြစ်သော ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းက တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ်ယူနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။

ပဲခူးခရိုင် တပ်ရင်း(၂)ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) တပ်ရင်း(၉)မှာ အခြေစိုက်ကာသန္ဓေတည်ပြီး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်တဝိုက်ရှိ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တပ်ရင်းဖြစ်ပါတယ်။

“ အခုအချိန်ဟာ တော်လှန်ရေးရဲ့ အခက်အခဲဆုံးသော အခိုက်အတန့်ကာလတခုကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ ဒီလိုအခက်အခဲကာလကို ကျနော်တို့တွေရဲ့ စုစည်းညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ ပဲခူးခရိုင်တပ်ရင်း(၂) က တပ်သားသစ်ဖိတ်ခေါ်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်သားသစ်တစ်ယောက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုက ပိုမိုအရေးကြီးကြောင်း ဖော်ပြထားပါတယ်။

“ စစ်ပွဲတစ်ခုဟာ လက်နက်နဲ့တင် တိုက်တာမဟုတ်ဘဲ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ တိုက်ရတာဖြစ်ပါတယ်။ တပ်သားသစ်တစ်ယောက်ဟာ မိမိဘာအတွက်ကြောင့် တော်လှန်ချင်လဲဆိုတဲ့ ရည်မှန်းချက်ကိုရှင်းရှင်းလင်းလင်း ကြိုသိနေဖို့လိုအပ်ပါတယ်။” လို့ ထုတ်ပြန်ကာ တော်လှန်ရေးဟာ ကြမ်းတမ်းပြီးရေရှည်တိုက်ပွဲဖြစ်တာကြောင့် သတ်မှတ်ချက်တွေ ကိုက်ညီလိုက်နာနိုင်ရင် ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

တပ်သားသစ်တွေအတွက် ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ သတ်မှတ်ချက်တွေကိုလည်း ဖော်ပြခဲ့ရာ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ကျန်းမာရေးအထူးကောင်းမွန်ဖို့၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စံပြုတည်မြဲအမိန့်ပါ ကျင့်ဝတ်နဲ့ စည်းကမ်းတွေ၊ တပ်ရင်း/တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းတွေနဲ့ ကွပ်ကဲမှုအဆင့်ဆင့်ကို လိုက်နာနိုင်သူဖြစ်ဖို့ လိုအပ်ကြောင်း အသိပေးပါတယ်။

အခြေခံစစ်ပညာသင်တန်းအပြင် လိုအပ်ပါက တပ်ရင်းမွမ်းမံသင်တန်းများကို တက်ရောက်နိုင်ရမှာ ဖြစ်သလို ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားဘဲ ပြည်သူကိုဦးထိပ်ထားပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူဖြစ်ရမယ်လို့ ထုတ်ပြန်ပါတယ်။

ပေးအပ်တဲ့ တာဝန်ကို နေရာဒေသ ၊ အချိန်ကာလမရွေး တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဖော်ပြထားသလို ကိုယ့်ကျင့်တရားကောင်းမွန်ပြီး ရဲဘော်ရဲဘက်စိတ်ပြည့်ဝစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လိုစိတ်ရှိရမယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် တော်လှန်ရေးရပ်တည်ချက်ခိုင်မာပြီး လူမှုရေးအရှုပ်အထွေးကင်းရှင်းသူဖြစ်ဖို့၊ ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ်သစ္စာစောင့်သိပြီး တိုင်းပြည်နဲ့ လူမျိူးအပေါ် စွန့်လွတ်အနစ်နာခံယူလိုစိတ်ရှိဖို့ သတ်မှတ်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သူတွေ လျှောက်ထားရန်မလိုကြောင်း ဖော်ပြထားပါတယ်။

ဗျူဟာ(၂၅)ရဲ့ ပဲခူးခရိုင်တပ်ရင်း(၂) -၃၇၀၂ တပ်ရင်းဟာ ဇန်နဝါရီ ၉ရက်က ဖော်ဆောင်ခဲ့တဲ့ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ တပ်မ (၉၉)က တပ်သားသစ် တစ်ဦးလက်နက်တွေ ယူလာပြီး အလင်းဝင်လာတယ်လို့ TYK ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးလာနေပြီး စစ်သင်တန်းကျောင်းနေရာတွေကိုလည်းတိုးချဲ့ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ကဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက် )မှာ ဖော်ပြပါတယ်။

သတင်း

တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်းရှိ သိန်ခွန်းရွာ စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် အာဏာသိမ်း စစ်တပ်မှ တပ်သားသစ် ၂ဦး အလင်းဝင်လှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ရွာမှ နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ထံကသတင်းရရှိပါတယ်။