close
Connect with us

Hi, what are you looking for?

သတင်း

AA ပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်တပ် ဗုံးကြဲမှု ၂၀ကျော်သေဆုံး၊ ၃၀ကျော် ဒဏ်ရာရ

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ၂၀ကျော်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ၂၀ကျော်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာအချို့မှာစစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ထားစဉ်စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ဂျက်ဖိုက်တာ၂ စီးနဲ့ ဗုံးကြဲခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အဲ့ဒီပတ်ဝန်းကျင်မှာ ရှိကြတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့AAက ယမန်နေ့ညက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ ကျတော်တို့ရထားတဲ့စာရင်းအရတော့ ၅၀ကျော်ထိတာ။ ၂၁ ဦးတော့ ဆုံးတယ်။ ဟုတ်ပါတယ်။ ကျန်တဲ့သူတွေ ကုနေကြရတုန်းပါ။ စစ်ကောင်စီ နေဗီကနေလည်း ရမ်းပစ်နေတုန်းပါ” လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို မကြာမီပြန်လည်လွှတ်ပေးဖို့ စီစဉ်ထားတာဖြစ် တယ်လို့ AA က အသိပေးထားပါတယ်။

ဗုံးကြဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ယမန်နေ့ညက အသိ ပေးခဲ့ပြီး နောက်ဆက်တွဲအခြေအနေကို မထုတ်ပြန်သေးပါဘူး။

စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားတဲ့ AAက စစ်ကောင်စီအရာရှိတချို့အပါအဝင် ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးထားပါတယ်။ စစ်သုံ့ပန်းတွေထားတဲ့နေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လေ့ရှိပါတယ်။

၂၀၂၄ စက်တင်ဘာ ၉ရက်က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထားတဲ့ မောင်တောမြို့ရဲတပ်ရင်း နခခ(၂)ကို စစ် ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ သုံ့ပန်း ၅၀ကျော်သေဆုံးခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ဖူးပါတယ်။၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မောင်တောမြို့ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁၈ရက်ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိတဲ့နေရာကို ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျရွာကို စစ်တပ်က မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။