close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဇန်နဝါရီ-၂၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှ စျေးနဲ့ လူစည်ကားရာနေရာတွေမှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ရဲဘော်တွေက “ ဘူးသပိတ် ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” ခေါင်းစဥ်နဲ့ စစ်တပ်ထုတ်ကုန်တွေမသုံးစွဲဖို့၊ စစ်တပ်နဲ့ ဆက်နွယ်နေသောအရာတွေကို မထောက်ခံဖို့ သွားရောက်နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ထုတ်ကုန် အမှတ်တံဆိပ်တွေ၊ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဆိပ်ကမ်းတွေ စတဲ့ သတိပေးစာစဥ်တွေလည်း ကပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းဟာ လေယာဥ်ဆီနဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ ဝင်ငွေရပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ အတွက်ကြောင့် စစ်တပ်ထုတ်ကုန်နဲ့ စစ်တပ်နဲ့ ဆက်နွယ်နေသောအရာတွေကို မသုံးစွဲဖို့လည်း သပိတ်ဦးဆောင်သူတွေက နှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်တပ်ကပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်မှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က အသိအ မှတ်ပြု ထောက်ခံမှာ မဟုတ်သလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ စစ်တပ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ် အချို့က ပြောပါတယ်။