close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စင်ကာပူဆီ ရေကြောင်းကင်းလှည့် လေယာဉ်နဲ့ တော်ပီဒိုတွေ ရောင်းမယ်လို့ အမေရိကန် ကြေညာ

စင်ကာပူ ရေတပ်ကို နည်းပညာပိုင်း အားဖြည့်ပေးမယ့် စစ်လက်နက်တွေ ရောင်းချပေးဖို့ အမေရိကန်က သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ - Boeing

စင်ကာပူ ရေတပ်ကို နည်းပညာပိုင်း အားဖြည့်ပေးမယ့် စစ်လက်နက်တွေ ရောင်းချပေးဖို့ အမေရိကန်က သဘောတူခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ချက်အရ အမေရိကန်ဟာ P-8A ရေကြောင်းကင်းလှည့်ရေး လေယာဉ်၊ တော်ပီဒိုတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဒေါ်လာ ၂.၃ ဘီလီယံဖိုးကို စင်ကာပူဆီ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အခု ညှိနှိုင်းထားတဲ့ လက်နက်ရောင်းချရေး သဘောတူညီမှုဟာ စင်ကာပူရဲ့ လက်ရှိနဲ့ အနာဂတ်မှာ ကြုံလာနိုင်တဲ့ ရေပိုင်နက်ဆိုင်ရာ ခြိမ်းခြောက် ခံရနိုင်ခြေတွေကို ထိထိရောက်ရောက် တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA)က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး မဟာဗျူဟာ မိတ်ဖက် နိုင်ငံတစ်ခုနဲ့ လုံခြုံရေး၊ မဟာဗျူဟာရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ပေးနိုင်တဲ့ သဘောလည်းဖြစတယ်လို့ DSCAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူဟာ အမေရိကန် ကုမ္ပဏီ Boeingက ထုတ်လုပ်တဲ့ P-8A လေယာဉ် ၄ စီးထိ ဝယ်ယူဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့နှစ်က အတည်ပြုထားပါတယ်။ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းရဲ့ အမေရိကန် အလည်အပတ် ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ တွေ့ဆုံပြီးချိန်မှာ အဲဒီသဘောထား ကြေညာချက် ထွက်ပေါ်လာတာပါ။

စင်ကာပူဟာ P-8A လေယာဉ်တွေကို ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး စွမ်းအင်မျိုး ပေါင်းစပ် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဒီလေယာဉ်တွေမှာ ပါဝင်တဲ့ အဆင့်မြင့် ရေဒါနဲ့ အာရုံခံ စနစ်တွေဟာ ကွဲပြားတဲ့ ရေကြောင်း စစ်ဆင်ရေး လိုအပ်ချက် တော်တော်များများကိုလည်း ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။

P-8Aတွေမှာ Boeing 737 အရပ်ဖက်သုံး လေယာဉ်တွေရဲ့ ပျံသန်းမှု ထိန်းချုပ်ရေး အဆင့်မြင့် စနစ်ကို တပ်ဆင်ထားသလို ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူဟာ အမေရိကန်ဆီက မှာယူမယ့် လေယာဉ်တွေကို ရှိရင်းစွဲ Fokker-50တွေရဲ့ နေရာမှာ ရေရှည် အစားထိုးသွားမှာဖြစ်ပါတယ်။ ပထမဆုံး P-8Aတွေဟာ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ စင်ကာပူအတွက် စတင် အမှုထမ်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ချန်က ပြောကြားခဲ့ပါတယ်။

P-8Aတွေကို ဝယ်ယူခြင်းဟာ စင်ကာပူရဲ့ ရေကြောင်း စစ်ရေးစွမ်းရည် မြှင့်တင်မှု ရည်မှန်းချက်တွေအတွက် အဖွင့် ခြေလှမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

P-8Aတွေကို အသုံးပြုနေတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လည်း ပါဝင်နေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အသက်၁၅ နှစ်အရွယ်မြန်မာမိန်းကလေးတစ်ဦးဟာ တားမြစ်မူးယစ်ဆေးတစ်မျိုးပါဝင်တဲ့အီလက်ထရောနစ် စီးကရက်(vape) ပိုင်ဆိုင်မှုကြောင့် စင်ကာပူကနေ နှင်ထုတ်တာ ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဗီတိုအာဏာ တစ်ဖက်သတ် အသုံးချမှုတွေကို ထိန်းသိမ်းကွပ်ကဲပေးဖို့၊ ပိုပြီး ကွဲပြားစုံလင်တဲ့ စုဖွဲ့မှုတွေကို ကိုယ်စားပြုနိုင်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂကို စင်ကာပူ အစိုးရက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စင်ကာပူမှာ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ယုံကြည်ရကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြ​နေကြပါတယ်။