close
Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ ရွေးကောက်ပွဲလုံခြုံရေးယူနေတဲ့ စစ်သားတွေပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာနဲ့ မလှိုင်နယ်စ​ပ်ကရွာတွေမှာ ကင်းပတ်နေတဲ့ စစ်အုပ်စုဝင်တွေကို တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ

ဇန်နဝါရီ-၂၁၊ ၂၀၂၆ ​​ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက် ၇နာရီခွဲခန့်က မလှိုင်မြို့အနောက်ဘက်မှာ ပေါက်ကွဲသံကြားလို့ဆိုပြီး ရထားသံလမ်းအတိုင်းလာတဲ့ အင်အား ၅၀ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဲဒီပစ်ခတ်မှုကြောင့် သံလမ်းအနီးရှိ ကမ္ဘားဖြူကျေးရွာက နေအိမ်တွေ ကျည်ထိမှန်ပြီး နေအိမ်တစ်အိမ်က အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ရက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အဲ့နေ့က မလှိုင်ကထွက်တာ။ မလှိုင် ရွှေကျင်ကျောင်း ကနေ သံလမ်းအတိုင်းလာတာပေါ့။ စစ်ကြောင်းက ရွေးကောက်ပွဲအတွက် လုံခြုံရေးလာတာပြောတယ်။” လို့ လူထုသတင်းကွန်ရက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၂လုံးလည်း ပျက်စီးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း(၃)မှာ မလှိုင်မြို့နယ်လည်း ပါဝင်ပါတယ်။ စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲအတွက် မလှိုင်မြို့ပေါ်မှာ အင်အား ၄၀၀ ခန့်ရှိနေကြောင်း၊ ပန်းအိုင်အုပ်စု မြစ်ကျင်းရွာ၊ ကံဥိီးရွာ ပန်းအိုင်ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ညအိပ်တပ်စွဲထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။