close
Connect with us

Hi, what are you looking for?

သတင်း

ဝေလငါးအပါအဝင် ငါးနဲ့ရေသယံဇာတတွေ ထိန်းသိမ်းဖို့ AA သတိပေးချက်ထုတ်ပြန်

ဝေလငါးနဲ့ ငါးမန်းအပါအဝင် ရခိုင်ပြည်နယ်က ပင်လယ်နဲ့ မြစ်ချောင်း‌တွေအတွင်း ‌ငါးနဲ့ရေသယံဇာတတွေ ထိန်းသိမ်းဖို့ အာရက္ခတပ်တော်(AA)က စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေမှာ ဝေလငါးကြီးတစ်ကောင်ကို သေဆုံးနေတာကို ၂၀၂၀ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - မိုးကောင်းကင်

ဇန်နဝါရီ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

ဝေလငါးနဲ့ ငါးမန်းအပါအဝင် ရခိုင်ပြည်နယ်က ပင်လယ်နဲ့ မြစ်ချောင်း‌တွေအတွင်း ‌ငါးနဲ့ရေသယံဇာတတွေ ထိန်းသိမ်းဖို့ အာရက္ခတပ်တော်(AA)က စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ဝေလငါး၊ ပင်လယ်လိပ်၊ ရေဝက်တွေကို ဖမ်းဆီး၊ သတ်ဖြတ် ရောင်းချခြင်းတားမြစ်ချက်အပါအဝင် စည်းကမ်းချက် ၅ချက်ကို ထိန်းချုပ်မြို့နယ်တွေက အများပြည်သူဆိုင်ရာ နေရာတွေမှာ ဆိုင်းဘုတ်တွေထောင်ပြီး အသိပေးကြေညာတာလို့ ဒေသခံတွေက ပြောပါတယ်။

သတိပေးတားမြစ်ချက်ထဲမှာ ပင်လယ်နဲ့ မြစ်ချောင်းတွေအတွင်း အဆိပ်ချ၊ ငါးဖမ်းဆီးခြင်း၊ ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ အသုံးပြုပြီး ငါးဖမ်းဆီးခြင်းတွေ မပြုလုပ်ဖို့၊တားမြစ်ကိရိယာ၊ငါးဖမ်းနည်းတွေနဲ့ ဖမ်းဆီးခြင်း မပြုလုပ်ဖို့၊ ရေနေ သတ္တဝါတွေ မျိုးပွားရှင်သန်ကျက်စားရာနေရာတွေမှာ ဂေဟစနစ်ကို ပျက်စီး စေနိုင်တဲ့ ခုတ်ထွင်ရှင်းလင်းခြင်းများ မပြုလုပ်ဖို့ သတိပေးထားပါတယ်။တားမြစ်ချက်တွေကို ကျူးလွန်ရင် ငါးလုပ်ငန်းဥပဒေပါအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်မှာ ဆောင်းခိုငှက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချခြင်းမပြုလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ အာရက္ခတပ်တော်(AA)ကပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာကလည်း ကြေညာခဲ့ပါတယ်။

AAဟာရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန်မြို့တွေကို သိမ်းယူထားကာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ကမ်းရိုးတန်းအရှည်း ၃၆၀ မိုင်ခန့်အထိ ထိစပ်နေတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ရခိုင်ကမ်းရိုးတန်းဟာ ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ငါးနဲ့ ရေသယံဇာတလည်း များပြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မှာ ဆောင်းခိုငှက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာမပြုလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထားပါတယ်။

သတင်း

ရခိုင်နဲ့ ပဲခူးတိုင်းအစပ်က ညောင်ကျိုးတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်း သေဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

သတင်း

နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် အာဏာသိမ်းစစ်တပ်ပို့လိုက်တဲ့ စစ်သင်တန်းဆင်းစစ်သားအသစ်တွေထဲက ၃ဦး ချင်းကာကွယ်ရေးတပ်-အရှို (CDF - Asho )ထံလက်နက်တွေနဲ့ အလင်းဝင်လာပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။