close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ၊ စစ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရဟု ဝရဇိန်အဖွဲ့‌ ပြော

နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်တိုက်ခဲ့တာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဝရဇိန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ-၁၂၊၂၀၂၆။သတိုး/People’s Spring

နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်တိုက်ခဲ့တာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဝရဇိန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ ပြောက်ကျားဝင်ပစ်တာပါ။ ထိတွေ့မှုက ၁၀မိနစ်ကျော်ပဲ ကြာပါတယ်။ တစ်ယောက်သေ ၊ နှစ်ယောက် ဒဏ်ရာရတယ်။ နေပြည်တော်ကုတင်တစ်ထောင်ကို ပို့လိုက်တယ်” လို့ စစ်ဆင် ရေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဇန်နဝါရီ ၁၀ရက် ည ၇နာရီလောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ အကြောင်းမဲ့စစ်ဆေးတာ။ လူသုံးကုန်အနည်းငယ် မိသားစုအတွက်သယ်ယူတာလောက်တောင် ဟိုတောင်း ဒီတောင်း လုပ်တာ။ အခန့်မသင့်ရင် အကြောင်းမဲ့ဖမ်းထားတာတွေလုပ်ပါတယ်။ ဒီကောင်တွေ အရက်မူးရင် ပိုဆိုးပါတယ်” လို့ စစ်ကောင်စီဂိတ်ရဲ့ ရမ်းကားမှုတွေကို ဝရဇိန်တပ်ဖွဲ့က ရှင်းပြပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဝရဇိန်တပ်ဖွဲ့အနေနဲ့ ထပ်မံလုပ်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် အချိန်ယူကာပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့လည်း ယုံယုံကြည်ကြည်ထောက်ပို့ပေးဖို့ တောင်းဆိုထားပါတယ်။

“ ပြည်သူရဲ့ လူနေမှုဘဝ လုံခြုံအေးချမ်းဖို့ ဆောင်ရွက်နေပါတယ်” လို့ ဝရဇိန်အဖွဲ့က ပြည်သူတွေကို သတင်းစကားပါးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာမြန်မာနိုင်ငံကို သွားရောက်မယ်လို့ မလေးရှား အစိုးရကထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ကို အာဏာသိမ်းစစ်တပ်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

သတင်း

နေပြည်တော်အနီးကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ​သောငလျင်တစ်ခုယ​နေ့ညတွင် လှုပ်ရှားသွားပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှမြို့နယ်များပါ မြေလွှာလှုပ်ရှားသွားသည်။

သတင်း

နေပြည်တော်တွင် ဆိုင်ကယ်ဖြင့် ပလုံကောက်သော မိသားစုအား ကားတစ်စီးက တိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။