close
Connect with us

Hi, what are you looking for?

ဆောင်းပါး

“ စစ်ရှောင် အိမ်ငှားတွေရဲ့သောက”

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

စစ်ကိုင်းတိုင်း ကသာမြို့မှ စစ်​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-CJ

Scorpio/People’s Spring

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ကာနီးအချိန် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းမြောက်က စစ်ရှောင်တွေ ပိုပိုများလာခဲ့ပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ မကြာမကြာ တက်နေတဲ့ အိမ်ငှားခတွေကြောင့် စိတ်ညစ်နေရတယ်လို့ မန္တလေးရောက် စစ်ရှောင်တွေက ပြောပါတယ်။

“ အိမ်ငှားက​ခြောက် လတစ်ကြိမ်စျေးတက်တယ်” လို့ မန္တလေးရောက်နေတဲ့ ရှမ်းမြောက်က စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရိပ်ရိပ်စျေးတက်နေတဲ့မန္တလေးကအိမ်ငှားစျေးကွက်မှာ အိမ်ရှင်နဲ့ ပွဲစားတချို့ဟာ အိမ်ငှားခတွေ ရုတ်တရက်ထပ်တက်လိုက်တာမျိုး၊ လချုပ်ကိုမှ သက်တမ်းပိုချုပ်ခိုင်းတာတွေမျိုးတွေ ကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“ အခုကျမနေတဲ့အိမ်က သုံးလချုပ်ကို နှစ်သိန်း။ စစ်ရှောင်တွေဆင်းလာမှန်းသိလို့သုံးသိန်းနဲ့ ၆ လချုပ်ပြောင်းသွားတယ်။” လို့မန္တလေးမြို့မှာနေထိုင်နေတဲ့စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

၆ လချုပ်ပြည့်သွားရင်လည်းနောက်ထပ်တခါထပ်ချုပ်ရင်စျေးတစ်မျိုးပြောင်းသွားတယ်လို့စစ်ရှောင်တွေက ဆိုပါတယ်။

နောက်ထပ် စစ်ရှောင်မိသားစုဝင်တွေ ထပ်ရောက်လာတာမျိုးဆိုရင်လည်း စျေးကိုထပ်တိုးတောင်းတာတွေကြုံရတယ်လို့ သိရပါတယ်။ အဲဒီလို လူဦးရေကို ကန့်သတ်ထားတာတွေကြောင့်လည်း စစ်ရှောင်တွေ မောရပြန်ပါတယ်။

“ အစက၂ယောက်ထဲနေတာ။ ကလေးမွေးလို့ အိမ်ကလူ၂ယောက်လာနေတာ ကို လူများလာလို့ နှစ်သိန်းသုံးသောင်းကနေသုံးသိန်းခွဲအထိတက်တယ်။ မဖြစ်သာလို့သာနေနေရတာ။” လို့မန္တလေးမြို့ပေါ်မှာ တိုက်ခန်းငှားနေတဲ့စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါပေမဲ့အိမ်လခကိုတိုးမတောင်းတဲ့၊နားလည်ပေးတဲ့အိမ်ရှင်တွေလည်းအများအပြားရှိနေပါတယ်လို့ မန္တလေးရောက်စစ်ရှောင်ပြည်သူတွေကဆိုပါတယ်။

နောက်တစ်ခုက မန္တလေးရဲ့ သွားလာရေးစနစ်ပါ။ မန္တလေးမှာ ဘက်စ်ကားစနစ် မရှိတော့တာကြောင့် မီနီအိုးဝေလို့ခေါ်တဲ့ သုံးဘီးယာဥ်နဲ့သာ သွားလာရပါတယ်။ သုံးဘီးယာဥ်ဟာလည်း ဟိုနားဒီနား ငါးထောင်အထက်သာမို့ ဆိုင်ကယ်နဲ့ကားပါမလာရင် အိုးဝေခနဲ့မခံနိုင်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

“ မန္တလေးက အိမ်ငှားခနဲ့ အိုးဝေခနဲ့ လုံးဝအဆင်မပြေပါဘူး” လို့ဗန်းမော်ကနေလာတဲ့စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်တွေအနေနဲ့ မန္တလေးမြို့ထဲနေမယ့်အစား မန္တလေးတဝိုက်က ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ ကျောက်ဆည် စတဲ့နယ်တွေမှာ နေကြဖို့ကိုလည်း မန္တလေးမြို့ခံတွေက အကြံပြုပါတယ်။

နောက်တစ်ခုက အိမ်ငှားနေမယ့်အစား ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေဘက်မှာ ရှောင်ကြဖို့ ရောက်နှင့်ပြီးသား စစ်ရှောင်တွေက အကြံပြုကြပါတယ်။

ဒါပေမဲ့ ပြည်ကြီးတံခွန်မြို့နယ်ကိုတော့ အတက်နိုင်ဆုံး ရှောင်ကြဖို့ မန္တလေးမြို့ခံတွေကအကြံပြုပါတယ်။ “ စစ်ရှောင်တွေဆို စစ်မှုထမ်းထည့်၊ ပေါ်တာဆွဲတယ်။နယ်ခံတွေတောင်မနေရဲလို့ပြောင်းပြေးနေကြတာ” လို့ပြည်ကြီးတံခွန်မြို့နယ်ဃ ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒသမ ၆ သိန်းခန့်မှာ နေရပ်စွန့်ခွာ နေထိုင်နေရပြီး ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု ပိုများလာတယ်လို့ United Nations OCHA Myanmar က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။မန္တလေးမြို့တင်မကဘဲရန်ကုန်အပါအဝင် အခြားဒေသအသီးသီးမှာ ရောက်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေလည်း အိမ်ငှားရှာရတဲ့အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ ကိုယ်မြို့ကိုယ့်ရွာလည်း ပြန်လို့မရတော့ အဆင်မပြေလည်း ပြေအောင်ကြိုးစားနေရတယ်။” လို့ ကောလင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲကတွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့ခံအများစုမှာ မြို့ကနေ တိမ်းရှောင်သွားကြောင်း ကသာမြို့ခံတဦးက ပြောပါတယ်။

သတင်း

လက်ရှိဒီဇင်ဘာလတတိယပတ်ကစတင်ပြီးတိုက်ပွဲဖြစ်နေတဲ့ မကွေးတိုင်း ၊ဆင်ဖြူကျွန်းမြို့နယ်မှာ အရေးပေါ် တိမ်းရှောင်ရတဲ့ စစ်ရှောင် ပြည်သူ လေးသောင်း အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေထံကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းအဆောက်အအုံတချို့ ပျက်စီးပြီး စစ်ရှောင်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတစ်သောင်းနီးပါးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။