close
Connect with us

Hi, what are you looking for?

သတင်း

ပဲနွယ်ကုန်းတိုက်ပွဲ စစ်တပ် စစ်ကြောင်းပျက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၂၀ဦးသေဆုံးကာ အများအပြား ထိခိုက်ပြီး ကစဉ့်ကလျား ဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်တိုက်ပွဲတွေအတွင်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပဲခူးခရိုင် ၃၇၀၂

▪️စစ်တပ် ၂၀ဦးသေဆုံးပြီး ဗိုလ်မှူးအလောင်းနဲ့ လက်နက် ၁၈လက်ရဟု PDF ၃၇၀၂ တပ်ရင်းထုတ်ပြန်

▪️တော်လှန်ရေးရဲဘော် ၂ဦးကျဆုံး

ဇန်နဝါရီ-၁၂၊၂၀၂၆။ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၂၀ဦးသေဆုံးကာ အများအပြား ထိခိုက်ပြီး ကစဉ့်ကလျား ဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ ကျနော်တို့ ၃၇၀၂တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့များဖြစ်သော အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တို့က ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ တိုက်ခိုက်ချေမှုန်းခဲ့တာလို့ အသိပေးပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှူး ဗိုလ်မှူးရဲ့ အလောင်းရရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

စစ်ကောင်စီတပ်ထံက လက်နက်ကြီး ၃လက်နဲ့ RPG ၁လက် အပါအဝင် လက်နက်မျိုးစုံ ၁၈လက် သိမ်းရခဲ့တာကိုလည်း ဖော်ပြထားပါတယ်။

သိမ်းရတဲ့ လက်နက်တွေကတော့ ၆၀ မမ အရှည် ၁လက်၊ ၆၀ မမ အတို ၂လက်၊ RPG (၁)လက်၊ MA-1 (၇)လက်၊ MA-2 (၂)လက်၊ MA-3 (၂)လက်၊ ‎MA-11(၃)လက် တို့ ဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အသိပေးထားပါတယ်။

‎ဒါ့အပြင် ၆၀ မမ ဗုံးသီး ၂၄လုံး။ အီနာဂါသီး (၂၄)လုံး၊ ‎RPG သီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ၄၀မမ အသီး (၉)လုံး၊ ဘောက်အစုံ (၉)ဘောက်၊ ၁၈မိုင်း (၃)လုံး၊ ၁၄မိုင်း (၃)လုံး ‎ဦးထုတ် (၁၃)လုံးနဲ့ ကျည် တွေ သိမ်းရခဲ့သလို ကျောပိုး ဂျန်ပါ (၁)ခုနဲ့ ‎ဆက်သွယ်ရေးစက် (၁)ခု သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ ၃၇၀၂ တပ်ရင်းက ရဲဘော်(၁)ဦးနဲ့ ပူပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနအတွင်း စစ်ရေးအခြေအနေများ ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူများ၊ ခရီးသွားပြည်သူများ၊ လမ်းပိုင်းအသုံးပြုသွားလာနေသည့် ပြည်သူများအနေနဲ့ ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

တပ်ရင်း(၃၇၀၂) အပါအဝင် ပဲခူးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၇ရက်က စတင်ပြီး စစ်ဆင်ရေးနယ်မြေအတွင်း ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

ဇန်နဝါရီ ၇ရက်ကနေ ၁၁ရက်အထိ စစ်ဆင်ရေးကာလ ၅ရက်အတွင်း စစ်တပ်စခန်းနေရာ ၂၆ခုကို တိုက်ခိုက်ထားခဲ့ပြီး အဲဒီအထဲမှာ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ အမှတ်(၈၀၅)၊ထနောင်းစစ်ကြောင်းက ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်က စစ်တပ်စခန်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာ​ကြောင့်စစ်သား ၁၉ ဦးသေဆုံးကာလက်နက် ၁၂ လက်နဲ့ ခဲယမ်းတွေ ရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း - ၃ (Myanmar Defense Force - MDF) တပ်ရင်းမှူးက​ပြောပါတယ်။

သတင်း

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။