close
Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအရေး ICJ ကြားနာမှုက ဂါဇာကိစ္စအတွက်လည်း စံနမူနာ ဖြစ်လာနိုင်

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံမှာရှိတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ကြားနာမှုဟာ ဒီက​နေ့မှာစတင်မှာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်​ဟေဂ်မြို့ရှိI CJ တရားရုံးကို​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ

ဇန်နဝါရီ-၁၂၊၂၀၂၆။People’s Spring

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံမှာရှိတဲ့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ကြားနာမှုဟာ ဒီက​နေ့မှာစတင်မှာဖြစ်ပါတယ်။

ဒီအမှုဟာ ICJရဲ့ သမိုင်းဝင် ကြားနာစစ်ဆေးမှုတစ်ခု ဖြစ်လာနိုင်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်မလဲ၊ ဘယ်လို ခိုင်မာအောင် သက်သေပြမလဲ၊ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ခုခံကာကွယ်မလဲ ဆိုတာတွေအတွက် စံနမူနာ ယူစရာတွေ ရှိလာနိုင်တယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ
လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျမ်က ပြောကြားခဲ့ပါတယ်။

ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်းICJက ပထမဆုံး ကိုင်တွယ်ရတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အလားတူအမှုတစ်ခုဖြစ်တဲ့ဂါဇာမှာပါလက်စတိုင်း မျိုးနွယ်စုတွေအပေါ်အစ္စရေးကဖိနှိပ်တဲ့ ကိစ္စအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာစေနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၇ တုန်းကမြန်မာစစ်တပ်ကနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ထဲမှာ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ အကြမ်းဖက်ခဲ့တဲ့စစ်ဆင်ရေးတွေအတွင်းရိုဟင်ဂျာ ၇၃၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်မှာ မြန်မာအာဏာပိုင်တွေရဲ့ စီမံ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ မွတ်ဆလင် အများစု နေထိုင်ရာ အနောက်အာဖရိက နိုင်ငံ ဂမ်ဘီရာ အစိုးရကစွပ်စွဲပြီး၂၀၁၉ခုနှစ်တုန်းကICJဆီအရေးဆိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို အစုလိုက် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်တွေကို မီးတင်ရှို့တာတွေ ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီရာရဲ့ တိုင်ကြားချက်မှာ ပါရှိခဲ့ပါတယ်။

မြန်မာဖက်ကတော့အဲဒီစွပ်စွဲချက်တွေကိုငြင်းဆန်ခဲ့ပြီး အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ်ခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းကနယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJမှာ အကြိုကြားနာမှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ခုခံ လျှောက်လဲခဲ့ပြီး ဂမ်ဘီရာရဲ့ စွပ်စွဲချက်တွေဟာ အချက်အလက် မှန်ကန်ခိုင်မာမှု မရှိဘဲ အဖြစ်မှန်ကနေ လမ်းချော်နေကြောင်း ထောက်ပြခဲ့ပါတယ်။

အခုအခါမှာတော့ နစ်နာသူ ရိုဟင်ဂျာတွေရဲ့ ထွက်ဆိုချက်တွေကိုပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာအဆင့် ခုံရုံးတစ်ခုမှာ ထည့်သွင်းကြားနာသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး ကာကွယ်ပေးမှုနဲ့ တခြားထိလွယ်ရှလွယ် ကိစ္စတွေကြောင့် အဲဒီ ကြားနာမှုတွေကိုတော့ မီဒီယာတွေနဲ့ အများပြည်သူ ရှေ့မှောက်မှာ လုပ်ဆောင်မှာ မဟုတ်ပါဘူး။

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်အပေါ် ဇန်နဝါရီ ၁၂ ရက်နေ့၊ နယ်သာလန် စံတော်ချိန် မနက် ၁၀ နာရီမှာ စတင်မှာဖြစ်ပြီး စုစုပေါင်း သီတင်း ၃ ပတ် ကြာမြင့်မယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ အရပ်သား အစိုးရဆီကအဓမ္မ အာဏာသိမ်းယူလိုက်တဲ့နောက်မြန်မာစစ်တပ်ဟာ ICJက ခုခံလျှောက်လဲမှုတွေအတွက်အဓိက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သတင်း

ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး ပင်လယ်ပြင်မှာ နစ်မြုပ်ပြီး လူတွေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှား အာဏာပိုင်တွေက နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲအ​ပေါ်အမေရိကန် အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ပြောကြား

သတင်း

အစီရင်ခံစာအပြည့်အစုံတွင်ပြစ်မှုများအတွက် တာဝန်ရှိနိုင်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ထား​