close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှောင်လမ်းမှာ ဒုရဲမှူးနှစ်ဦးနဲ့ ရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးနှစ်ဦးအပါအဝင် ရဲ သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

‌ဇန်နဝါရီ-၁၂၊ ၂၀၂၆။ မေ၊ အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးနှစ်ဦးအပါအဝင် ရဲ သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရွှေဘိုမြို့ရှောင်လမ်းက စပါးတင်တဲ့ ကားတွေနဲ့ နွားကားတွေကို ဆက်ကြေး ကောက်ဖို့ သွားချိန် ပစ်ခတ်ခံရတာလို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ စစ်ကောင်စီ ရဲနဲဲ့ ပျူစောထီး ၇ဦးလိုက်ပါလာပြီး အခြား နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒုရဲမှူးနှစ်ဦးနဲ့ ရဲအုပ်တစ်ဦး ကားနဲ့ ဆက်ကြေး ကောက်ဖို့သွားတဲ့ အချိန်ကို နောက်ကနေ မြေသယ်ကားနဲ့ လိုက်ပစ်တာ။ ၃ယောက်လုံးသေတယ်” လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားဒေသခံတစ်ဦးကလည်း “သူတို့က မြို့ရှောင်လမ်းမှာတွေ့တဲ့ စပါးကားတစ်စီးကို ၂ သောင်း၊ နွားကားတစ်စီးကို ၁သိန်းကနေ ၁၀သိန်းအထိတောင်းတာတွေ ရှိတယ်”လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့က ဒုတိယရဲမှူးထွန်းထွန်းလင်းနဲ့ နောက်ထပ်ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရသူနှစ်ဦးကို ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသပေးခြင်းမရှိဘဲ ရဲစခန်းအတွင်းမှာပဲ ဆေးကုနေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူ မြို့ခံတစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကို စစ်တပ်ကပဲ လာကောက်ကာ မနေ့ကပဲ ရွှေဘိုသုဿန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ကတော့ မထုတ်ပြန်သေးပါဘူး။

အဲဒီလို တိုက်ခိုက်ခံရပြီး စစ်ကောင်စီက ရွှေဘိုမြို့မြို့ရှောင်လမ်းကို မနေ့ကစပြီး သွားလာခွင့် ယာယီပိတ်ထားကြောင်း ဒေသခံနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ယန်စီကြေးနီကုမ္ပဏီဝင်းအတွင်းက လုံခြုံရေးစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲနဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။