close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံထွက်လာလို့ မြို့ခံတွေထိတ်လန့်

မန္တလေးမြို့မှာ ဒီကနေ့(ဇန်နဝါရီ ၉ရက်) ညပိုင်းမှာ ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြို့ခံတွေထိတ်လန့်နေကြောင်း သတင်းရရှိပါတယ်။

ဇန်နဝါရီ-၉၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ ဒီကနေ့(ဇန်နဝါရီ ၉ရက်) ညပိုင်းမှာ ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြို့ခံတွေထိတ်လန့်နေကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ည ၈ နာရီ ၆မိနစ်ခန့်က မန္တလေးမြို့မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုကို မြောက်ပြင်၊ နန်းရှေ့အပါအဝင် လေးပြင်လေးရပ်က ကြားလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ငလျင်လှုပ်သွားတယ်ထင်တာ။ အိမ်တွေပါတုန်ခါသွားတယ်” လို့ မန္တလေးမြို့ပေါ်နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တစ်မြို့လုံးအတိုင်းအတာနဲ့ကျယ်လောင်တဲ့ အသံ ကြားလိုက်ရပြီး အတိအကျသိရှိဖို့ စုံစမ်းနေတယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of MDY က ဖော်ပြပါတယ်။

မန္တလေးမြောက်ခြမ်းနဲ့ အနောက်ခြမ်းဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုပါတယ်။

မန္တလေးမြို့ကျယ်လောင်တဲ့ ပေါက်ကွဲသံဟာ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ အုန်းသဇင်ရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of MDY က ထပ်မံထုတ်ပြန်ပါတယ်။

မနေ့ညကလည်း မန္တလေးမြို့မှာ ၄.၅ အဆင့်ရှိ အင်အားအသင့်တင့်ရှိတဲ့ ငလျင်လှုပ်လို့ မြို့ခံတွေ ထိတ်လန့်ခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၂၈ရက် မနက် ၁နာရီခွဲခန့်ကပဲ စစ်အုပ်စုရှိရာ နန်းတွင်းတိုက်ခိုက်ခံရလို့ စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အောင်မြေသာစံမြို့နယ်၊ ၅လမ်းနဲ့ ၈၆လမ်းအနီးရှိ နေအိမ်တစ်လုံးပေါ်ကျပြီး ပြည်သူ ၃ဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ