close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမှာ စစ်ရှောင်အယောင်ဆောင် စုံစမ်းထောက်လှမ်းတဲ့ စစ်ကောင်စီ သတင်းပေးတွေ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင် အယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်းဖို့ရောက်လာတဲ့ စစ်ကောင်စီသတင်းပေးတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသတွင်း ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။

ဇန်နဝါရီ-၉၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင် အယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်းဖို့ရောက်လာတဲ့ စစ်ကောင်စီသတင်းပေးတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသတွင်း ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ခင်ဦးမြို့နယ်ဘက်ခြမ်းကို ရောက်ရှိလာတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးနဲ့ သပိတ်ကျင်းနယ်က စစ်ရှောင်တွေထဲမှာ စစ်ကောင်စီသတင်းပေး ဒလန်တွေ ရောနှောပါလာခဲ့လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း ခင်ဦးရပ်ကျေးပအဖအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ ဒလန်သက်သေတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားရတဲ့ စစ်ရှောင်အသွင်ယူစကစဘက်တော် သားများလည်း ရှိနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထားသူတွေဆီကနေ စစ်ကောင်စီသတင်းပေးဒလန်ဖြစ်ကြောင်း အထောက်အထားတွေ တွေ့ရှိရပြီး ခင်ဦးနယ်ရောက်ရှိလာတဲ့ စစ်ရှောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သတင်းပေးခဲ့တယ်လို့ ယူဆရကြောင်း ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။

“ တနေ့ကလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ဆိုလည်း ဆိုင်ကယ်၁စီး နဲ့ သပိတ်ကျင်းနယ်ကစစ်ရှောင် လူနှစ်ယောက်က သူတို့နေထိုင်ရာ စစ်ရှောင်စခန်းမဟုတ်ပဲ နေ့ခင်းဘက်မှာ ဒီမှာတည်းလို့ရလား မေးတယ်။ ညပိုင်းမှာ ထပ်လာတယ်။ ဆိုင်ကယ် မီးထိုးပြီးတော့ ငါတို့မီးပြတဲ့နေရာ မြင်ရလား မြင်ရလား ဆိုတဲ့ ဖုန်းပြောသံကြားပြီး မကြာခင် ဗုံးကြဲသွားတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေက ပြန်ပြောကြတယ်။” လို့ ခင်ဦးရပ်ကျေးပအဖအဖွဲ့ဝင်က ပြောပါတယ်။

၎င်းတို့ကို စစ်ဆေးမေးမြန်းနေပြီး ဖမ်းဆီးခံထားရတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်ပြည်သူများ စုဝေးနေထိုင်တဲ့ ကုန်းကြီးကျေးရွာ စာသင်ကျောင်းနဲ့အနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်ကလည်း ခင်ဦးလမ်းဆုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရကာ ကား ၈စီး ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ