close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်မှာ ဂိတ်ဖွင့်ပြီးငွေ​ကောက်နေတဲ့ ဗိုလ်နဂါးရဲ့BNRA စစ်ဆေးရေးဂိတ်နှစ်ခုကို PDF ပိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဂိတ်ဖွင့်ပြီး ​ကောက်နေတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BRNA)ရဲ့ စစ်ဆေးရေးဂိတ်နှစ်ခုကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတချို့က ဖမ်းဆီးပြီး ဂိတ်တွေ ပိတ်သိမ်းလိုက်ပါတယ်။

ဇန်နဝါရီ-၉၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဂိတ်ဖွင့်ပြီး ​ကောက်နေတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BRNA)ရဲ့ စစ်ဆေးရေးဂိတ်နှစ်ခုကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတချို့က ဖမ်းဆီးပြီး ဂိတ်တွေ ပိတ်သိမ်းလိုက်ပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၉ ရက်) မနက်ပိုင်းမှာ PDF ရဲဘော်တွေက ဗိုလ်နဂါးရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းပြီး သိမ်းယူလိုက်တာလို့ ဒေသခံတွေကပြောပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်- BNRA တပ်တွေက ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ရွာမှာ ဂိတ်တွေဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက ငွေတောင်းနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ နဂါးက ကျတော်တို့ ဒေသခံတွေဆီကနေပါ ကားတစ်စီး ၃၀၀၀ နဲ့တောင်းနေတာ။ လက်နက်အားကိုးနဲ့ လုပ်တာ။ ကျတော်တို့ MODကို တိုင်ထားတာ။ အခုမနက်တော့ ဝင်စီးပြီး ဂိတ်ဖျက်လိုက်တာ ဟုတ်တယ်” လို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီဂိတ်တွေက ၂၀၂၅ ဒီဇင်ဘာမှာ စဖွင့်လာတာဖြစ်ပါတယ်။ တရားမဝင်ဂိတ်တွေကို ဖယ်ရှားဖို့ လူထုရဲ့ တိုင်ကြားမှုတွေရှိတယ်လို့ ပုလဲမြို့နယ်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါဂိတ်နှစ်ခုကို ဒီနေ့မနက် တိုက်ခိုက်ဖယ်ရှားမှုမှာ လက်နက်တွေလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

တော်လှန်​ရေးတပ်​တွေက ဂိတ်ဖွင့်ပြီး ရန်ပုံ​ငွေ​ကောက်တာ​ကို အများစုလုပ်​နေကြတာမို့ နှစ်ဖက်ညှိနှိုင်း​ဆောင်ရွက်သင့်တယ်လို့ ​​ဒေသခံ​တော်လှန်​ရေးရဲ​​ဘော်အချို့က​ပြောပါတယ် ။

ဒါ​ပေမယ့် ယင်းမာပင်ခရိုင်အတွင်းမှာ တရားမဝင်ဖွင့်ထားတဲ့ တော်လှန်ရေးတပ်အမည်ခံ စစ်ဆေးရေးဂိတ်တွေကို ၂၀၂၄ကစပြီး ခရိုင်တပ်ရင်းတွေက ဖမ်းဆီးပိတ်သိမ်းတာတွေ လုပ်နေပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတချို့က တိုက်ခိုက်ဖို့ပြင်နေလို့ ပြန်ပြီးတိုက်ခိုက်မယ်လို့ ဇန်နဝါရီ ၈ရက်မှာထုတ်ပြန်ထားပါတယ်။အခုဂိတ်နှစ်ခုအပိတ်ခံရတဲ့အ​ပေါ် ဗိုလ်နဂါးကို ဆက်သွယ်​​မေးမြန်းဖို့ လူထု​နွေဦးကကြိုးစား​နေပါတယ်။

(BNRA ကဂိတ်ဖွင့်ပြီး ကား​တွေကို ​ငွေ​ကြေး​ကောက်ခံတဲ့ဖြတ်ပိုင်းတစ်ခု။ဓါတ်ပုံ-​ဒေသခံ)

ဆက်စပ်သတင်းများ