ဇန်နဝါရီ-၆၊၂၀၂၆။တေဇ/ People’s Spring
ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံရဲ့ မြို့ကြီးသုံးမြို့မှာ စာရေးဆရာမ မသီတာ(စမ်းချောင်း) ရဲ့“မနက်ဖြန်အတွက် ဒီကနေ့” ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲတွေကို ဇန်နဝါရီလအတွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။
စာပေဟောပြောပွဲတွေကို ဇန်နဝါရီ ၁၁ ရက် မှာ နာဂိုယာမြို့ ၊ ၁၈ ရက်နဲ့ ၂၄ ရက်မှာ တိုကျိုမြို့နဲ့ ၂၅ ရက်နေ့မှာတော့ အိုဆာကာ မြို့မှာပြုလုပ်မှာဖြစ်ပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအမိမြေကိုအလွမ်းပြေစေဖို့ နဲ့ စာပေရသတွေခံစားနိုင်ဖို့ ဒီပွဲတွေကို စီစဉ်တာလို့ ပွဲစီစဥ်သူတွေဆီကသိရပါတယ်။

Public Service Announcement
စာပေဟောပြောပွဲတွေကို ဝင်ကြေးကောက်ခံမှာမဟုတ်ပဲ အခမဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ဆရာမမသီတာ(စမ်းချောင်း)ဟာနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို လက်ရှိ အချိန်အထိလည်း စစ်အာဏာရှင်ကို စာပေနဲ့ တော်လှန်နေသူဖြစ်ပါတယ်။

















































