close
Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့နယ်မှာ စစ်တပ်က ဘုန်းကြီးတစ်ပါးနဲ့ သက်ကြီးရွယ်အိုတွေ သတ်ဖြတ်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းက စံပါတယ်တွင်းကျေးရွာအနီးမှာဆေးကုပြန်လာတဲ့ ဘုန်းကြီးတစ်ပါးကို ကားပေါ်ကဆွဲချသတ်ဖြတ်ခဲ့ပြီး ကားမီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပျက်စီးသွားတဲ့ တံတားဦးမြို့နယ်က စံပါတယ်တွင်းကျေးရွာနေအိမ်တွေ။ ဓာတ်ပုံ - Screengrab

ဇန်နဝါရီ-၉၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းက စံပါတယ်တွင်းကျေးရွာအနီးမှာဆေးကုပြန်လာတဲ့ ဘုန်းကြီးတစ်ပါးကို ကားပေါ်ကဆွဲချသတ်ဖြတ်ခဲ့ပြီး ကားမီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တံတားဦးမြို့နယ်ကို ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က စစ်ကြောင်းအများအပြားနဲ့ နယ်မြေ ရှင်းလင်း ရေးဆိုပြီး စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၇ရက် မနက်၁၀နာရီမှာ တံတားဦးမြို့နယ် တောင်ပိုင်း၊စံပါယ်တွင်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန် ၂နာရီလောက်ကြာပြီးနောက် စစ်တပ်က အထိနာကာ စံပါယ်တွင်းရွာကို လက်နက်ကြီးတွေ ပစ်ခတ်စီးနင်းခဲ့ပြီး နေအိမ်တွေ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာတွင်းက မပြေးနိုင်လို့ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကျေးရွာအနီးမှာ ကျောက်ဆည်မြို့က နေဆေးကုပြန်လာတဲ့ နွားထိုးကြီးမြို့နယ်၊ကျေးရွာတရွာက ဘုန်းကြီးကားကိုတွေ့ပြီး မီးရှို့ကာ ၊ဘုန်းကြီးကိုလည်း ကားအနီးမှာပဲ ပစ်သတ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ရွာထဲက မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း သတ်တယ်။သိရသလောက်တော့ ရွာထဲမှာက ၃ဦး အသတ်ခံရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးရှို့ခံရမှုမှာ နေအိမ် ၇၃လုံးခန့်မီး လောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇန်ဝါရီ ၈ရက်မှာတော့ စစ်ကောင်စီတပ်က သမန်းအုပ်စု၊အောက်တောကျေးရွာကို ခြေလျင်အင်အား၂၀လောက် နဲ့ ဝင်မွှေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တံတားဦးမြို့နယ်အနောက်ခြမ်း၊တောင်ခြမ်းနဲ့ မြောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းတွေဖြန့်ပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ရက်မှာ တံတားဦးမြို့နယ်ကို ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်သစီက ကြေညာထားတာပါ။

ဆက်စပ်သတင်းများ