စက်တင်ဘာ−၂၁၊ ၂၀၂၅/People’s Spring
ကရင်ပြည်နယ်၊မြဝတီမြို့မရဲစခန်းကနေ နယ်ပြောင်းတဲ့ စစ်တပ်လက်အောက်ခံရဲ၆ ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က မြဝတီမြို့ကနေ နယ်ပြောင်းဖို့ အရပ်သားကားနဲ့သွားရာမှာ KNLAရဲ့ သရက်တောဂိတ်မှာ ဖမ်းဆီးခံရတာလို့ KNLAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ ခြောက်ယောက်တည်းပါ။ သရက်တောဂိတ်မှာ ဖမ်းမိတယ်။အဲမှာ KNUဂိတ်တခုရှိတယ်လေ။ သူတို့က အရပ်သားကားနဲ့သူတို့ဆင်းသွားတယ်။ အ

Public Service Announcement
ရပ်သားကားနောက်ကလိုက်သွားတာပေါ့။ နယ်ပြောင်းရမယ့် ရဲတွေပါသွားတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါအပြင်လက်တလော မြဝတီမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။
ကော့ကရိတ်ကနေ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ ၁နှစ်ကျော်အကြာ ပြီးခဲ့တဲ့လက မြဝတီမြို့ကိုရောက်ပြီးနောက် မြို့တောင်ဘက်ဒေသတွေကို စစ်ကြောင်းထိုးနေပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက မြဝတီကနေ လေးကေ့ကော်မြို့သစ်ဆီကို စစ်ကြောင်း သုံးကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ လေးကေ့ကော်ကို စစ်ကြောင်းသုံးကြောင်းထိုးလာနေတယ်။ ညလောက်ဆို တိုက်ပွဲသံတွေကြားရလောက်မယ်” လို့ ၎င်းက ပြောပါတယ်။
စစ်တပ်က နှစ်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲ ခြေကုတ်ယူထားတဲ့ လေးကေ့ကော် အမြောက်ကုန်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၄ အောက်တိုဘာ ၁၇ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
“ မြို့အပြင်မှာ လက်နက်ကြီးတွေနဲ့ နေ့တိုင်းထုနေတာ” လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

















































