ရန်ကုန်တိုင်း ၊ထန်းတပင်မြို့နယ်တွင်အခြေချနေသော စစ်ကြောင်းမှ ဒုတိယဗိုလ်မှူးကြီးအောင်ကို( တပ်ရင်းမှူး) နဲ့ သူ့PSOဗိုလ်ကြီး မျိုးသန့်တို့ကထန်းတပင် နဲ့ လှိုင်သာယာမြို့နယ်တစ်ဝိုက်မှာလက်နက်၊အာဏာ၊ရာထူးအားကိုးဖြင့် ကျွန်တော်တို့ပြည်သူများကိုအကြောင်းမဲ့ နှိပ်စက်ရိုက်နှက်နေပါတယ်။
သူတို့ ၂ ယောက်ဟာထန်းတပင် နဲ့လှိုင်သာယာတစ်ဝိုက်ရှိကျေးရွာ အုပ်ကြီးများနဲ့ပေါင်းကာ စစ်မှုထမ်းလူစုဆောင်းကနေအခကြေးငွေ ရယူနေကြပါတယ်။ အုပ်ကြီးတွေကစစ်သားသစ် စုတာ မလိုက်ချင်တဲ့သူတွေဆီက ငွေတောင်းပါတယ်။
ငွေကြေးတတ်နိုင်သူဆိုရင် ကျပ်သိန်း ၈၀ ၊၁၀၀၀န်းကျင် တောင်းပါတယ်။မရှိသူဆိုရင်တောင် သိန်း ၅၀ လောက် တောင်းပါတယ်။ ကိုယ်စား လိုက်မဲ့သူတွေကိုရှာပြီး တကယ်တမ်းပေးရင်သိန်း ၂၀ ၊ ၂၅ လောက်ပဲပေးတယ်။ ကျန်တဲ့ငွေကို အုပ်ကြီးတွေ နဲ့ သူတို့ ၂ ယောက်က ခွဲဝေယူကြတာပါ။
သူတို့ဟာအနောက်ပိုင်းတက္ကသိုလ် ၀န်းကျင်နားက ရွာတွေ အဓိကကျက်စားပါတယ်။

Public Service Announcement
ဒါအပြင်ထန်းတပင်မြို့နယ်ရှိကုက္ကိုလ်ဝတံတား မှာဂိတ်ဖွင့်ပြီး ဖြတ်သန်းသွားလာတဲ့ယာဥ်တွေကို ဆက်ကြေးများကောက်ယူနေပါတယ်။တရားမဝင်သစ်ကားများ၊မူးယစ်ဆေးဝါးကားများကိုလည်း တံတားတာဝန်ခံ ဗိုလ်ကြီးမျိုးသန့်နဲ့ညှိပြီး လာဘ်ယူ၍ ခွင့်ပြုပေးနေပါတယ် ။ ဂိတ်ဖွင့်ဆက်ကြေးကောက်ယူမှုကနေတစ်လ တစ်လ ကျပ်သိန်းရာချီ လာဘ်စားနေကြတာပါ ။ထန်းတပင် ၊လှိုင်သာယာတစ်ဝိုက်ရှိသုံးဘီးယာဥ် ၊ဆိုင်ကယ်ဂိတ်၊ဆိုက်ကားဂိတ်များမှလည်း လစဥ် ဂိတ်ကြေးများ စစ်ကြောင်းအတွက်ဆိုပြီး ကောက်ခံပါတယ်။
သးတို့ရဲ့ထန်းတပင်စစ်ကြောင်းမှာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးအောင်ကို နဲ့ သူ့PSO ဗိုလ်ကြီး မျိုးသန့်၊ အခြားအရာရှိတစ်ဦးနဲ့ အောက်ခြေတပ်ဖွဲ့ဝင် အင်အား ၂၀ ၊၂၅ ဦး၀န်းကျင်ရှိမယ်လို့ခန်းမှန်းရပါတယ် ။ သူတို့ကထန်းတပင်ကုက္ကိုလ်၀ တံတားမှာ အဓိကစခန်းချထားတာတွေ့ရပါတယ် ။
ထန်းတပင် ၊လှိုင်သာယာတစ်ဝိုက်မှာ ဖဲဝိုင်း ကြက်ဝိုင်းလောင်းကစားဝိုင်းတွေကိုလည်း ပိုက်ဆံ ယူပြီးတရားဝင် ခွင့်ပြုထားပါတယ်။ ဒါအပြင်ငွေကြေးအရှုပ်အရှင်းများ၊ လယ်ယာမြေအရှုပ်အရှင်းများ၊ လူမှုရေးအရှုပ်အရှင်းများ၊အကြွေးတောင်း ကိစ္စ များတွင်လည်း လာရောက်တိုင်ကြားသူများထံမှ လာဘ်ငွေယူကာ ပြည်သူတွေကိုလက်နက်ဖြင့် ခြိမ်းခြောက်ကာ အတင်းဖိအားပေးလက်မှတ်ထိုးစေတာမျိုးတွေလည်း လုပ်နေကြပါတယ်။
စစ်သားဆရာတပည့် ၂ဦးဟာ လာဘ်ငွေမှန်သမျှ စားတာကြောင့် ၂၀၂၅ မေ လကမှ ထန်းတပင်ကို ရောက်ရှိလာပြီး အခုစက်တင်ဘာလရောက်တဲ့အခါ ကျပ်သိန်းထောင်ချီကား နဲ့ မြေ ကွက်တွေ ဝယ်ယူ နိုင်နေကြပြီဖြစ်ပါတယ်။
PSO ဗိုလ်ကြီး မျိုးသန့်ဟာနယ်ခံ ဇိုးလူမိုက်တွေနဲ့ပေါင်းပြီးတော့ သူတို့နဲ့မတည့်တဲ့သူတွေ ၊ သူတို့စကားနားမထောင်သောသူတွေကို လိုက်ပြသနာရှာပြီး ဗက မျိုးသန့် ကိုယ်တိုင် ထိုးကြိတ်တာ ၊ ရိုက်နှက်တာ ၊ သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်တာ၊ ကားနဲ့ လိုက်တိုက်တာတွေအထိ ကျူးလွန်နေပါတယ် ။ရိုက်နှက် ထိုးကြိတ်ပြီးလျှင် တိုင်ချင်ရာတိုင် စောက်ဂရုမစိုက်ဘူး သေချင်လား ဆိုပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေပါတယ်။
ကျူးလွန်ခံရတဲ့ ပြည်သူတွေက လက်နက်၊ ရာထူး ကို ကြောက်တာကြောင့်ပြန်မလုပ်ရဲ မတိုင်ရဲတာမို့ဗက မျိုးသန့်ဟာ ပိုဆိုးလာပါတယ် ။ ဒီလိုနဲ့ ရာထူးအာဏာကိုတလွဲ အသုံးချပြီး မိုက်ကြေးခွဲ ဆတ်ကြေးကောက် မှောင်ခို လုပ်ငန်းမှန်သမျှ လုပ်ကိုင်နေတာကြောင့် ချမ်းသာလာပါတယ် ။ကျွန်တော်တို့ နယ်ခံ ပြည်သူတွေမှာ သူတို့ကို ကြောက်ရလို့ သူတို့ပြုသမျှ နု နေရပါတယ်။
မတရားရတဲ့ငွေတွေနဲ့ KTV တွေ၊မာဆတ်တွေကို အားနေရင်သွားလာပျော်ပါးကြပါတယ်။ညဘက်တွေ ကားနဲ့ ထွက်ကြပါတယ်။ထန်းတပင် နဲ့လှိုင်သာယာတစ်ကြော KTV ၊မာဆတ်တွေကိုအားတိုင်းသွားရောက်ပျော်ပါးနေကြပါတယ် ။
မျိုးသန့်က နယ်ခံ ဇိုးလူမိုက်တွေ လက်သပ်မွေးပြီး သူတို့ နဲ့ မတည့်သူတိုင်း အကြောင်းမရှိရိုက်နှက်ထိုးကြိတ်တက်ပါတယ်။
ဒုတိယဗိုလ်မှူးကြီးအောင်ကိုနဲ့ သူ့PSOဗိုလ်ကြီး မျိုးသန့်တို့ ရာထူး အာဏာအလွဲသုံးပြီး ထင်ရာစိုင်းနေတာကို အများပြည်သူသိရှိအောင် ကျွန်တော်တို့ ပြည်သူတွေက သတင်းပေးတိုင်ကြားလိုက်တာဖြစ်ပါတယ်။
-ထန်းတပင်နဲ့ လှိုင်သာယာ နယ်ခံများ
