close
Connect with us

Hi, what are you looking for?

သတင်း

ကလေး၀ ဆင်အိုင်မရွာအနီးတိုက်ပွဲ ပျူစောထီး ၁ဦးဖမ်းမိ၊ လက်နက်သိမ်းရဟု စစ်ဒေသ(၁)ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ဖမ်းမိသော ပျူစောထီး ၁ဦး။ ဓာတ်ပုံ − အမှတ်-၁ စစ်ဒေသ

စက်တင်ဘာ−၂၀၊ ၂၀၂၅။ ထားမြတ်/People’ Spring

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်အား စက်တင်ဘာ ၁၇ရက်တွင် ဆင်အိုင်မကျေးရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲဝင် ၁ဦး ဖမ်းမိကြောင်း၊ BA-63 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခုနှင့် ကျည် ၂၅ တောင့် သိမ်းရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ကလေးခရိုင် အမှတ် (၅) တပ်ရင်း၏ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင် အမှတ် (၅၊ ၉) နှင့် ကလေးဝမြိုနယ် ပကဖ၊ မင်းကင်းမြိုနယ် ပကဖ တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြိုနယ် နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များအပါအဝင် စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနေကြောင်း သတင်းရရှိသည်။