သြဂုတ်-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဖားကန့်တွင် စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့်ဒေသခံပြည်သူအချို့ထပ်မံသေဆုံးထိခိုက်မှုရှိသည်။
ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို KIA၊KPDFက သြဂုတ် ၄ ရက်ကပြန်လည်သိမ်းယူခဲ့စဉ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်။
“အရပ်သားတွေ ထပ်ထိတယ်ဗျာ။စစ်တပ်က ဗျူဟာကုန်းကနေ ရမ်းပစ်နေပြီး ရွာတွေထဲကို ကျနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
သြဂုတ် ၄ ရက်ကပစ်ခတ်မှုတွင်အသက် ၃နှစ်အရွယ်မောင်အောင်ကောင်းပြည့်အပါအဝင် ၃ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ သြဂုတ် ၅ ရက်ညနေ ၆နာရီ၄၅ မိနစ်က ပစ်ခတ်မှုတွင် ရှရော်ခရွာစည်ပင်ကွတ်သစ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၂ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရကြောင်း ကနဦး သတင်းရရှိထားသည်။
KIA၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသောရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်လ ၁ရက် သိမ်းယူခဲ့ပြီး ဩဂုတ်လ ၄ရက်၌ KIA၊KPDFက ပြန်လည်ထိုးစစ်ဆင်ပြီး သိမ်းယူထားသည်။
တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီကလေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊ KPDF တပ်ဖွဲ့ဝင်များကသတိပေးထားသည်။
