close
Connect with us

Hi, what are you looking for?

သတင်း

“ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်” စာသားနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၄)မှာ “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်” စာသားနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သြဂုတ် ၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၄)မှာ “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်” စာသားနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဒေသခံ လူထုက ပူးပေါင်းပြီး “ငလျင်ဘေးအလှူငွေတွေနဲ့ ပြည်သူကို ဗုံးကြဲနေတာ ရပ်” စာသားနဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင်စစ်ကောင်စီအပေါ် ယုံကြည်ကိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင် “ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ၊ “နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ၊ “စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုရပ်”တို့ကိုလည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းကော်မတီဝင်တို့ ပူးပေါင်းကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူစစ်အာဏာရှင်ကျရှုံးရေးဆန္ဒပြသပိတ်ကိုဒီနေ့မှာပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

ဆောင်းပါး

မိုးတစွက်စွက်ရွာနေတဲ့ သြဂုတ် ၄ ရက်မနက်ခင်းမှာ ဖားကန့်တဝိုက်လက်နက်ကြီးသံတွေ ညံနေခဲ့တယ်။သြဂုတ် ၁ ရက်ကတည်းကတိုက်ပွဲသံတွေ ကြားနေရတာဖြစ်ပြီး ဒီနေ့ဆို ၄ ရက် မြောက်ခဲ့ပါပြီ။လက်နက်ကြီးသံတွေဟာ မိုးပြိုသလားအောက်မေ့ရအောင် ကြောက်စရာကောင်းနေခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအောက်ဈေးအတွင်း ယနေ့ (သြဂုတ် ၄) နံနက်က လုံးခင်းအုပ်စုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

သတင်း

ရန်ကုန်မြို့နေရာအချို့တွင်ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)မှလူငယ်များကစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယမန်နေ့ (သြဂုတ် ၃) က ပြုလုပ်ခဲ့သည်။

သတင်း

မန္တလေးမြို့မှာဆန္ဒပြမှုတွေထပ်ပြီးမပေါ် ​ပေါက်လာဖို့အတွက် ဩဂုတ်လ၁ရက် နေ့ကစပြီး စစ်​ကောင်စီက ရပ်ကွက်တွေအလိုက်ပျူစောထီး တွေကိုလုံခြုံရေးချထားတယ်လို့ ပျူစောထီးတွေနဲ့နီးစပ်သူ တချို့က​ပြောပါတယ်။