စစ်သားသစ်စုဆောင်းမှုအတွက်ရန်ကုန်မှာသူငယ်ချင်းက ဘီယာသောက်သွားဖို့ခေါ်သွားပြီး ၁၅ သိန်းနဲ့ရောင်းစားခံခဲ့ရသူ ၊စစ်မြေပြင်မှာစစ်မတိုက်ဖူးပဲပစ်မိန့်ပေးလို့ပစ်ခတ်ရာမှာ စစ်သား ၃ ဦးကိုမှားပစ်မိခဲ့သူ ၊စစ်တပ်ထဲကထွက်ပြေးတာဖမ်းမိလို့ ပြစ်ဒဏ်ပေးခံရသူ စစ်သားသစ် နေမျိုးသူရကအာရက္ခတပ်တော်(AA)ဆီအလင်းဝင်ပြီးသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့မှာ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာတဲ့စစ်သားသစ် နေသူရမျိုးက မကွေးတိုင်းက နတ်ရေကန်ဗျူဟာစခန်းအပို့ခံရချိန် တိုက်ပွဲတွေမှာစစ်တပ်က အရာရှိတွေကို AA လက်ဖြောင့်သေနတ်သမားတွေကပစ်ခတ်ရှင်းလင်းခဲ့ပုံတွေ ၊ စစ်တပ်အရာရှိတွေသေရင် အဓမ္မစုဆောင်းစစ်သင်တန်းပေးပြီး ရှေ့တန်းပို့စစ်တိုက်ခိုင်းခံရတဲ့ စစ်သားသစ်(ပြည်သူ့စစ်-ပစ) တွေကို အညှိုးတကြီး ရန်ပြုတာ ပစ်ဒဏ်ပေးတာ၊စစ်တိုက်ခိုင်းပြီးပြန်ဆုတ်လာတဲ့စစ်သားသစ်တွေကို ပစ်သတ်တာ ၊AA ကအောက်လမ်းနည်းတွေသုံးနေတယ်ဆိုပြီး စစ်တပ်ကလက်နက်တွေမှာ ထဘီတွေစည်းတိုက်ခိုက်တာ ၊စစ်တပ်ထဲမှာ မူးယစ်ဆေးဝါးဘယ်လိုရောင်းဝယ်သုံးစွဲကြတယ်ဆိုတာ စတာတွေကိုထွက်ဆိုထားတဲ့ရုပ်သံမှတ်တမ်းကိုAAကသြဂုတ်၅ရက်ညမှာထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ရုပ်သံ-AA Info Desk












































