close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတွေကို ၃ရက်ဆက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းတွေကို နေရာ၃နေရာမှာရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - DNLA

ဇူလိုင်-၂၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းတွေကို နေရာ၃နေရာမှာရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၁ရက် မနက် ၉နာရီခန့်ကထားဝယ်မြို့နယ်၊ ဇဟာကျေးရွာဘက်မှ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလာတဲ့စစ်ကောင်စီတပ်သားအင်အား ၁၀၀ ဝန်းကျင်ပါတဲ့ ကျောက်တင်ကားသုံးစီးကို ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော်(DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(YPPDF)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ ရက် မနက် ၈နာရီခွဲဝန်းကျင် မှာ ဇီးကျကျေးရွာဘက်ကနေ ညင်းထွေးကျေးရွာဘက်ကိုလာတဲ့ စစ်တပ်ရဲ့ သံပြားကာပွိုင့်ကားတစ်စီးနဲ့ အိမ်စီးကားသုံးစီးကိုဒူရက စစ်ကြောင်း၊ YPPDF ၊ ကျားသစ်နက် (က္လားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutio- nary Force – DGRF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဇူလိုင် ၂၃ ရက် မနက် ၁၁နာရီခွဲဝန်းကျင်မှာလည်း ကျောက်ဆိပ်ကုန်းကျေးရွာဘက်မှမောင်မယ်ရှောင်ရွာဘက်ကိုအင်အား၇၀ လောက် နဲ့ ​ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သံပြားကာပွိုင့်ကားနှစ်စီးနဲ့လာတဲ့ တပ်ကူစစ်ကြောင်းတွေကို ၆နာရီကြာ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း DNLA တာဝန်ရှိသူက ပြောပါတယ်။

“ရန်သူထိခိုက်မှုကတော့ စုံစမ်းဆဲပါခင်ဗျာ။ အ ခုထိကတော့ နှစ်ဘက်အခြေအနေ တင်းမာနေဆဲပါ”လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ရဲ့ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအခြေအနေတွေကို ခြုံငုံပြောပါတယ်။

ကျောက်ဆိပ်ရွာဘက်ကနေ မောင်မယ် ရှောင်ကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တပ်ကူယာဥ်တန်းတွေဟာ DNLAနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်ရှေ့ဆက်မတိုးနိုင်ဘဲမောင်မယ်ရှောင်ရွာအနီးလမ်းပိုင်းမှာ ဆက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြင့်လာသလို ပြည်သူတွေအနေနဲ့ စစ်ရေးအသိသတိရှိကြဖို့ လိုအပ်သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်လာနိုင်တာကြောင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တဲ့ကြောင်း DNLAက အသိပေးတိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ စစ် သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခုံလှုံပြီး ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြဖို့ ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော်(DNLA) မဟာ မိတ်ညီနောင်တွေက ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကားသမားနှင့် ခရီးသွားပြည်သူ ၂ဦးသေ၊ ၅ဦး ဒဏ်ရာရ

သတင်း

ထားဝယ်မြို့အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရဲစခန်းထောက်ခံစာပါမှ ဂိတ်ဖြတ်ခွင့်ပြုသောကြောင့် လောင်းလုံးမြို့နယ်နေ ပြည်သူများ သွားလာရေးအခက်အခဲ ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပခုက္ကူမှပေါက်သို့၃နာရီကြာခရီးကိုနှစ်ပါတ်ကျော်သည့်တိုင်စစ်တပ်ယာဥ်တန်းမ​ရောက်သေးပါ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ထားဝယ်ဒေသတွင်းရှိ တော်လှန်ရေးတပ်များ ညှိနှိုင်းကာ မဟာမတ်ပူးပေါင်းတပ်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။