ဇူလိုင် ၁၃၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၃)မှာ အာဏာသိမ်းစစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူတို့နဲ့အတူစုပေါင်းပြီး အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း “ကျေးရွာများသပိတ်စစ်ကြောင်း” က ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရည်ကြည်သပိတ်စစ်ကြောင်းက “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “စစ်အာဏာရှင်စနစ်ကို တော်လှန်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ
