close
Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေဆန်လာလို့ မန္တလေး-မိုးကုတ် ဇက်ဆိပ်တွေ ယာယီပိတ်

စစ်ကောင်စီရေယာဥ်တွေဆန်တက်လာလို့ မန္တလေး-မိုးကုတ်ကူးတဲ့ ဇက်ဆိပ်တွေ ဒီ​နေ့ကစပြီးယာယီပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-The voice of wetlet madayar

ဇူလိုင်-၁၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကောင်စီရေယာဥ်တွေဆန်တက်လာလို့ မန္တလေး-မိုးကုတ်ကူးတဲ့ ဇက်ဆိပ်တွေ ဒီ​နေ့ကစပြီးယာယီပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၁၇ ရက်​နေ့ မနက်ပိုင်းကစပြီး မန္တလေး-မိုးကုတ် ခရီးသည်တွေသွားတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ဘက်ခြမ်းနဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ဘက်ခြမ်းကိုကူးတဲ့ ဧရာဝတီမြစ်ကမ်းက ဇက်ဆိပ်တွေ ယာယီပိတ်ထားလိုက်တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဇက်ပေးမကူးတော့တာ။မနက်ကသွားတဲ့သူတွေ အကုန်ပြန်ကွေ့ရတယ်”လို့ စဥ့်ကူးဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်တပ်ရေယာဥ် ၂၇ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာလို့ ဇက်ပေးမကူးတော့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မိုးကုတ်ခရီးသွားတွေဟာမန္တလေး-မိုးကုတ်လမ်းပိုင်းနေရာတချို့မှာ တိုက်ပွဲတွေကြောင့် ရေလမ်းကနေပတ်ပြီးသွားလာနေရတာဖြစ်ပါတယ်။

ဂေါဝိန်ဆိပ်ကမ်းက ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေမှာ တိုက်ခိုက်ရေးသင်္ဘော ၅စီးလည်း ပါဝင်ပြီး ဒီကနေ့ညနေ ၃ နာရီခွဲဝန်းကျင်မှာတော့ မတ္တရာမြို့နယ်၊ ဥဒိန်ရွာအနောက်ဘက်ကိုရောက်ရှိနေတယ်လို့စစ်ကိုင်းတိုင်းရေလမ်း/ရေပြင် ကင်းထောက်နေတဲ့ Yay Pyin အဖွဲ့က အသိပေးထားပါတယ်။

အခြား ကင်းထောက်တဖွဲ့ဖြစ်တဲ့ The voice of wetlet madayar စာမျက်နှာကတော့ အဆိုပါ စစ်တပ်သင်္ဘောတွေထဲက တိုက်သင်္ဘော (၅)စီး၊ဖလပ်(၇)စီးဟာ ရှိမ္မကားအရှေ့မှာ ကျောက်ဆူးချနေတယ်လို့ ညနေ ၄ နာရီခွဲကျော်ကျော်မှာ အသိပေးထပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်တွင်လက်နက်ကြီးအပြန်အလှန် တိုက်ခိုက်၊ ဖားကန့်လမ်းတွင်လည်း စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ် တိုက်ခိုက်

နိုင်ငံတကာ

စစ်သင်္ဘောအသစ် ရေချတဲ့အချိန် အမှားအယွင်း ကြုံသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ စစ်ဘက် အရာရှိတွေကို ဆက်တိုက် ဖမ်းဆီးနေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ စတင်ရေချချိန်မှာပဲ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်သင်္ဘော အသစ်ကို သင်္ဘောကျင်းမှာပဲ ထားရှိပြီး တာလပတ်စတွေနဲ့ ဖုံးဖိထားတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ တွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်ကို ရေချတဲ့ အခမ်းအနားမှာ ကြီးကြီးမားမား မတော်တဆမှု တစ်ခု ဖြစ်ခဲ့ကြောင်း အစိုးရ မီဒီယာက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။