ဇူလိုင် – ၁၇ ၊၂၀၂၅၊ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မိန်းကလေးတစ်ဦး TikTok ဆော့ရင်း နှစ်ထပ်တိုက်ပေါ်ကပြုတ်ကျတာကြောင့်ဆေးရုံကိုပို့ဆောင်လိုက်ရတယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။
ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာရပ်ကွက် ၊ ၄၅လမ်းနဲ့ ၄၆လမ်း ၊ ၁၁၄ လမ်းမှာ အဲဲဒီဖြစ်စဉ် မနေ့ ဇူလိုင် ၁၆ ရက် ည ၈ နာရီ ၁၅ မိနစ်က ဖြစ်ခဲ့တာပါ။
အဲဒီမိန်းကလေးငယ်ဟာ အသက် ၁၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး နှစ်ထပ်တိုက်ပေါ်က ပြုတ်ကျတာလို့ လူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

Public Service Announcement
“သူက အောက်ကိုတန်းမပြုတ်ကျဘဲ တစ်ထပ်ချင်းစီခံပြီးပြုတ်ကျလို့ တော်သေးတယ် အခုတော့ ဆေးရုံကြီးမှာ အတွင်းလူနာအနေနဲ့ ကုသနေပါတယ်”လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။
နှစ်ထပ်တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် နဖူး၊ ဦးခေါင်းနဲ့ ညာဘက်ခြေထောက်တို့မှာ ဒဏ်ရာတွေရပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
