ဇူလိုင် ၅၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ တွေ နဲ့ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၅)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “စစ်အာဏာရှင်စနစ်ကို တော်လှန်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အကြမ်းဖက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒေသခံပြည်သူလူထုနှင့် ပြည်သူ့အားမာန်သပိတ်မှရဲဘော်တွေက ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
