close
Connect with us

Hi, what are you looking for?

သတင်း

ကော်ဇွန်းထုတ်စက်ရုံမှ ဖိနှိပ်ခံရ​သော မြန်မာအလုပ်သမားများအတွက် ထိုင်းအလုပ်သမားရုံးကို တိုင်ကြားထား​ကြောင်း ကိုရဲမင်း(AAC)ပြော

ထိုင်းနိုင်ငံ စာမွတ်ခွန်ဆာမြို့နယ်ရှိ ကော်ဇွန်းထုတ်စက်ရုံတွင်အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာအလုပ်သမားများက အကူအညီတောင်း​သောကြောင့် ထိုင်းအလုပ်သမားရုံးသို့ တိုင်ကြားခဲ့ရာ စက်ရုံကိုစစ်ဆေးမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် AAC မဟာမိတ်မှ ကိုရဲမင်းကပြောသည်။

ဓါတ်ပုံ-AAC ကိုရဲမင်း

ဇူလိုင်-၁၃၊၂၀၂၅။တေဇ/People’s Spring

ထိုင်းနိုင်ငံ စာမွတ်ခွန်ဆာမြို့နယ်ရှိ ကော်ဇွန်းထုတ်စက်ရုံတွင်အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် မြန်မာအလုပ်သမားများက အကူအညီတောင်း​သောကြောင့် ထိုင်းအလုပ်သမားရုံးသို့ တိုင်ကြားခဲ့ရာ စက်ရုံကိုစစ်ဆေးမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် AAC မဟာမိတ်မှ ကိုရဲမင်းကပြောသည်။

“သူတို့ရုံးဘက်ကလည်း အခုလို တိုင်ကြားမှုတွေပြုလုပ်မှ စက်ရုံတွေထဲကို ဝင်စစ်လို့ရတာတွေရှိတယ်။အခုစစ်ဆေးပြီး ဆုံးရှုံးနစ်နာမှုတွေကို အချိန်တစ်ခုအတွင်းမှာပြန်လည်ရရှိအောင်ဆောင်ရွက်ပေးမယ်လို့ အာမခံတယ်” ဟု ၎င်းကပြောသည်။

အလုပ်သမားများ၏အကူအညီတောင်းခံမှုကြောင့် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ ၊အလုပ်သမားဝန်ကြီးဌာန မှ တာဝန်ရှိသူတို့ပူး‌ပေါင်း၍ မဟာချိုင်ဆဝါဒီကန်ဌာနသို့ လိုက်ပါဆောင်ရွက်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ကော်ဇွန်းစက်ရုံမှ မြန်မာလုပ်သား ၅၀ ဦးသည် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၏ ဖိနှိပ်မှုခံနေရသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၎င်းကပြောသည်။

“အချက်လေးချက်ပေါ့။ အလုပ်ချိန်ပိုခိုင်းပြီး လုပ်ခကို အပြည့်အ‌ဝမပေးတာ ၊ အလုပ်သမားသုံးယောက်လောက်အလုပ်လုပ်ရမယ့်နေရာမှာ အလုပ်သမားနှစ်ယောက်နဲ့လုပ်ခိုင်းတာ ၊ ထိုင်းနိုင်ငံရဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ခိုင်းပြီးတော့ လုပ်ခလစာမပေးတာ ၊ နောက်ပြီး လုပ်ငန်းခွင်အတွင်းထိခိုက်မှုတွေရှိရင်လည်း တာဝန်ယူဆောင်ရွက်ပေးတာတွေမရှိတာ။အဲဒီလိုကိစ္စတွေကို တိုင်ကြားရင်လည်း အလုပ်ဖြုတ်ခံရတာ ” ဟုအလုပ်သမားများ ၏ ဖိနှိပ်ခံရမှုအပေါ် ၎င်းကပြောသည်။

ထိုင်းနိုင်ငံရှိ အချို့စက်ရုံများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကိုသိရှိသောကြောင့် လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုများလုပ်နေခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် ယင်းအခြေအနေမျိုး ကြုံရပါက စုပေါင်း၍ တိုင်ကြားမှုများပြုလုပ်သင့်ကြောင်း ကိုရဲမင်းကပြောသည်။

“နိုင်ငံရေးအခြေအနေအရ လက်ရှိ စစ်အာဏာသိမ်းထားတဲ့အပေါ်မှာ ကာကွယ်ပေးမယ့်သူမရှိဘူးဆိုတာ ကောင်းကောင်းသိထားတဲ့ အခြေအနေမှာ အလုပ်ရှင်တွေက အခွင့်ကောင်းယူကြတာ” ဟု ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

News

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ် တရားမဝင် ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်။

News

CDMကို ၂၀၂၁ ဖေဖော်ဝါရီ ၉ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အမျိုးမျိုးတိမ်းရှောင်ပြီး နောက်ပိုင်း လက်ရှိတွင် ဇနီးသည်နှင့် အတူ လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ဖွင့်ဟသည်။ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လွယ်ထား ရပြီး ၎င်းမှာလည်း ဝန်ထမ်းဖြစ်ကာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဆက်လက်ပြောသည်။