close
Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတိုက်နယ်ကို အင်အားရာနဲ့ချီ စစ်တပ်အင်အားဖြည့်

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်ရဲစခန်းကို စစ်ကောင်စီတပ်က ရေကြောင်းကနေ အင်အားရာနဲ့ချီဖြည့်တင်းခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မန္တလေးမှ မင်းကွန်းသို့ဆန်တက်နေတဲ့ မော်တော်တစီးတွေ့ရစဉ်။ ဓာတ်ပုံ - Wetlet Informational Network

ဇူလိုင်-၉၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်ရဲစခန်းကို စစ်ကောင်စီတပ်က ရေကြောင်းကနေ အင်အားရာနဲ့ချီဖြည့်တင်းခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇူလိုင် ၈ရက် မနေ့ နေ့လည်ပိုင်းမှာ မင်းကွန်းတိုက်နယ်ရဲစခန်းကို စစ်ကောင်စီတပ်က မန္တလေးဂေါဝိန်ဆိပ်ကမ်းက နေ ‌‌‌မော်တော်ယာဉ်တွေကို ချောဆွဲကာ အင်အားဖြည့်တင်းခဲ့တာလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“မန္တလေး-မင်းကွန်းလိုင်းဆွဲတဲ့ မော်တော်သုံးစီးနဲ့ အင်အား ၁၀၀ ကျော်လောက် မင်းကွန်းအထိုင်စခန်းကို အင်အားဖြည့်တင်းထားပါတယ်။ ဒီနယ်မြေကို စကစဘက်က ထိုးစစ်ပြန်ဆင်မယ့် သဘောရှိတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းကွန်းတိုက်နယ်တကျောက စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေအားလုံးကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ဇွန်လ ၅ရက်ကတည်းက ဒီနယ်မြေကို အင်အား ၃၀၀လောက် သုံးကာ ထိုးစစ်ဆင်နေတာလို့သိရပါတယ်။

ဇွန်လ ၂၇ရက်နဲ့ ၂၈ရက်တွေမှာ စစ်ကောင်စီ စစ်‌ကြောင်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် မင်းကွန်းကျေးရွာမှာ နေရာသုံးခုခွဲပြီး စစ်တပ်က အထိုင်ချအင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

ဇွန်လအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးကာ ကျောင်းထိုင်ဆရာတော်တပါး အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ကာ ကျေးရွာသုံးရွာကို မီးရှို့ခဲ့ပါတယ်။

‌အဲဒီစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၉ဦးသေဆုံးကာ ၅ဦးအရှင်ဖမ်းမိခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ဦးလည်းကျဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်း​ဒေသတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းပျက်သွားပြီး အလောင်းနှင့်လက်နက်ခဲယမ်းများရရှိကြောင်းယူနီကွန်းပျောက်ကြား တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်တကြောကို စစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာရက်၂၀ကြာမြင့်လာပြီး တိုက်ပွဲ တွေမကြာခဏဖြစ်ပွားနေကာတော်လှန်ရေးတပ် စိုးမိုးနေရာတချို့ကိုလက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။