ဇူလိုင် – ၉ ၊၂၀၂၅ ၊ ရောင်နီ/People’s Spring
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့ ) ကျရောက်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ဆီ လာရောက်ဘုရားဖူးသူတွေ များပြားခဲ့ပါတယ်။
စောင်းတန်းလေးသွယ်လုံးမှာလည်း ဘုရားဖူးလာရောက်ကြသူတွေနဲ့ စည်ကားနေပါတယ်။ဝါ ဆိုလပြည့်နေတဲ့အတွက် ရင်ပြင်တော်မှာ ဝါဆို သင်္ကန်းကပ်လှုကြသူတွေအပြင် ဘုရားဝတ်ပြုသူတွေ ၊ သီလခံယူသူတွေ ၊ ပန်းရေချမ်း ဆီးမီး ကပ်လှုသူတွေကိုလည်းတွေ့မြင်ရပါတယ်။
