close
Connect with us

Hi, what are you looking for?

သတင်း

ပူတာအို ခလရ (၁၃၈)ပို့မည်ဆီ​ပေပါ ၅၀ ကို PDF သိမ်းဆည်း

ကချင်ပြည်နယ်၊ပူတာအိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ ၁၃၈ )ကိုပို့မည့် ဆီပေပါအလုံး ၅၀ ကို သိမ်းဆည်းရရှိကြောင်း PDF ပူတာအို က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်-၉၊၂၀၂၅။ရဲခေါင်/People’s Spring

ကချင်ပြည်နယ်၊ပူတာအိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ ၁၃၈ )ကိုပို့မည့် ဆီပေပါအလုံး ၅၀ ကို သိမ်းဆည်းရရှိကြောင်း PDF ပူတာအို က ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက် သိမ်းဆည်းရမိသည့်ဖြစ်စဥ်တွင်ပူတာအိုဒေသတွင်ကယ်ဆယ်ရေးလုပ်ငန်းများအရေး ပေါ်ဆောင်ရွက်နိုင်ရန် ဓာတ်ဆီပေပါ ၅၀ နှင့် ပရီ မီယံ ဒီဇယ် ပေပါ အလုံး ၅၀ ကို စစ်ကောင်စီ၏ ပြည် နယ်အစိုးရက မြစ်ကြီးနားမြို့မှတဆင့် ပေးပို့ခဲ့သည်ဟု ဖော်ပြသည်။

“ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ် စစ်ဆေးရေးဂိတ်တွင်စကစ တပ်အသုံးပြုမည့် ဆီပေပါ အလုံး( ၅၀) ဖမ်းဆီးထားပါကြောင်း။(ကယ်ဆယ်ရေး ဗန်းပြပြီး မူလာရှီးဒီ ခလရ ၁၃၈ သို့ပို့ဆောင်မည့် စက်သုံးဆီများဖြစ်ကြောင်းသိရ ၊ဂိတ်မှားပြလိုက်တော့လိုအပ်သလိုစီစဥ်ပေးလိုက်ပါတယ်”ဟု PDF ပူတာအိုက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီတင်ယာဥ်ဖမ်းဆီးရရှိသည့် ဖြစ်စဥ် အသေးစိတ်ကိုမူ PDF ပူတာအို၏ တာဝန်ရှိသူထံ လူထုနွေဦးက မေးမြန်းထားဆဲ ဖြစ်သည်။

၁၂ ဘီးကားဖြင့် တင်လာသည့် စက်သုံးဆီများကို ဇေယျာမင်း၊တိုင်းကျော်၊Regencyနှင့် TOP စက်သုံးဆီဆိုင်များထံမှ စစ်ကောင်စီပြည်နယ်အစိုးရက ရယူခဲ့သည့် စာရွက်စာတမ်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပူတာအိုမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ ၁၃၇ နှင့် ၁၃၈ တို့ အခြေစိုက်ထားပြီး မြို့ကိုပိတ်ဆို့ထား ကြောင်း တော်လှန်ရေး အင်အားစုများက ယခုနှစ် ဆန်းပိုင်းက လူထုနွေဦးသို့ပြောထားသည်။

မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ပူတာအိုဒေသကို တိုက်ပွဲဆင်နွှဲသွားမည်ဟုလည်း ကချင်လွတ် လပ်ရေး တပ်မတော် (KIA) နှင့်ပူးပေါင်းတိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ထုတ်ပြန်ထားဖူးသည်။

ထိုနောက်ပိုင်းနှစ်ဖက်စစ်ရေးအခြေအနေသည် ငြိမ်သက်နေပြီး လက်ရှိ ကချင်ပြည်နယ်၌ ဗန်းမော်နှင့် ဖားကန့် တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ရက်ညပိုင်းတွင် အသိပေးသည်။

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနှင့် လုံဂါကုန်းကျေးရွာ များ၌ တပ်စွဲလျက်ရှိသည်ဟုသိရသည်။