close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင်စစ်သားသစ် ၅ဦး လက်နက်နှင့်အတူ KNLA တပ်မဟာ(၄)ထံအလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၅ဦး အလင်းဝင်လာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

အလင်းဝင်လာ​သော စစ်သားများ။ ဓါတ်ပုံ-KNUတပ်မဟာ-၄

ဇူလိုင်-၆၊၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၅ဦး အလင်းဝင်လာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီတပ်သား ၅ဦးသည် ဇူလိုင် ၅ရက်နေ့တွင်လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်း၌ စစ်တပ်ကို တိုက်ခိုက်နေသည့် KNLA တပ်မဟာ(၄) ၊တပ်ရင်း(၁၁)ထံ အလင်းဝင်လာခြင်းဖြစ်သည်။

အလင်းဝင်စစ်သားများသည် ခလရ(၁၀၃) နှင့် ခလရ(၂၆၇)တပ်များမှ ဖြစ်ပြီး ၎င်းတို့နှင့်အတူ သေနတ် ၂လက် ပါလာသည်ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

“များသောအားဖြင့် ထွက်ပြေးလာတဲ့ စကစ စစ်သားက အခုတိုက်ပွဲ ဖြစ်နေတဲ့ သိန်ခွန်း မောတောင်လမ်းမှာ။ အဲဒါ ၂၀၂၅ စကတည်းက စကစက ထိုးစစ်ဆင်တယ်။ဒါပေမဲ့ကျနော်တို့ တပ်ရင်း (၁၁)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ခုခံတဲ့အချိန်မှာ ထိုးစစ်ဆင်လို့ မရ ဆက်တိုးလို့မရတော့ တိုက်ပွဲပြင်းထန်တဲ့အတွက်ကြောင့် ဒီစစ်သားတွေကလည်း သူတို့ အဲဒီ စစ်တပ်က အတင်းအဓမ္မ စစ်သား စုဆောင်းခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့က စစ်မတိုက်ချင်ဘူး” ဟု ပဒိုစောအယ်နားက စစ်ကောင်စီ တပ်သားများ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောသည်။

၂၀၂၄ နှင့် ၂၀၂၅ တွင် စစ်ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့်အဓမ္မစုဆောင်းထားသည့် စစ်သားများကို သင်တန်းဆင်းသည်နှင့်ရှေ့တန်းသို့ ပို့ဆောင်သည်ကို တွေ့ရကြောင်း၎င်းက ပြောသည်။

“ပို့တဲ့အခါမှာ တိုက်ပွဲတွေက ကြုံနေတဲ့အတွက်ကြောင့် သူတို့ထွက်ပြေးရတာ။အဲဒါကြောင့် ကျနော်တို့ တိုက်တွန်းချင်တာက အဲဒီ စစ်သား ကို ထွက်ပြေးပါ။သူတို့ထွက်ပြေးမှ သူတို့ အသက်ရှင်မှာ။စကစကတော့ တက်နိုင်သလောက် သူတို့ စစ်သားကို အသေခံမယ်။ ထိုးစစ်ဆင်တဲ့အချိန်မှာ သူတို့ စစ်သားကို အသုံးပြုမယ် အဲဒီလိုမျိုး” ဟု ပဒိုစောအယ်နားက ပြောသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ရောက်ရှိရာ နယ်မြေခံများကို မေးမြန်းပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ် အလင်းဝင်ရန် ၎င်းက အကြံပြုသည်။

ဇူလိုင် ၁ရက်ကလည်း စစ်ကောင်စီတပ်သား ၁ဦး လက်နက် ယူလာပြီး KNLA တပ်မဟာ(၄)ထံ အလင်းဝင်ခဲ့သည်။ ဇွန်လကလည်း စစ်ကောင်စီတပ်သား ၃ဦး KNLA တပ်မဟာ(၄)ထံ အလင်းဝင်ရောက်ခဲ့သည်။

KNLA တပ်မဟာ(၄)နှင့် ပူးပေါင်းတပ်များသည် ယခုနှစ်အတွင်း စစ်ကောင်စီ၏ ထီးခီး၊ ထီးထ စစ်စခန်းများ အပါအဝင် မြန်မာ-ထိုင်းနယ်စပ် တပ်စခန်းအချို့ သိမ်းပိုက်ထားသကဲ့သို့ မောတောင်-တနင်္သာရီ နယ်စပ်လမ်းပိုင်းထိန်းချုပ်ရေး ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ကိုလည်း တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆိုင်ထားသည့် နေရာမှ ပြည်သူ့စစ်မှုထမ်းတပ် သားနှစ်ဦးအလင်းဝင်လာကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေတပ်မတော် (SAGAING-PDF) တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလင်းဝင်လာတဲ့စစ်သားတွေထဲက ပြန်လည်တိုက်ခိုက်မယ့် တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းကဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ်(၃၂)ရဲ့ အောင်ဇေယျအပါတ်စဥ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁ဦး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။