ဇူလိုင် -၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မကွေးတိုင်း ၊ သရက်မြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦး ထောင်ဗူး ဝမှာတင် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံကသိရပါတယ်။
ဇူလိုင်လ ၁ ရက်က သရက်ထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းထွန်းအောင်နဲ့ ကိုနိုင်ထွန်းလင်း တို့ကို ထောင်ဗူးဝမှာတင် ပြန်လည်ဖမ်းဆီးတာပါ။
လက်ရှိမှာ တော့ သူတို့နှစ်ဦးကို သရက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး ဖမ်းဆီးထားတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement
ဇူလိုင်လ ၁ ရက်နေ့က သရက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၄ ဦးလွတ်မြောက်ပြီး ၂ ဦး ပြန်လည်ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လွှတ်ပေးတဲ့ လွတ်ငြိမ်းတွေမှာ အချို့သောနိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေရှိထားခဲ့ပါတယ်။
