ဇူလိုင်-၃၊၂၀၂၅။People’s Spring
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးဘောလုံးအသင်း နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် ရုတ်တရက် ကွယ်လွန်သွားပါတယ်။
အသက် ၂၈ နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ဇာမိုရာမြို့မှာ ဇူလိုင်လ ၃ ရက်နေ့က ရုတ်တရက် ဆုံးပါးသွားကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဂျိုတာဟာ သားသမီး ၃ ဦး ထွန်းကားထားတဲ့ အတူနေချစ်သူ ရူတေး ကာဒိုဆိုနဲ့ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ လက်ထပ်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
စပိန်နဲ့ ပေါ်တူဂီတို့ ဆက်သွယ်ထားရာ အဝေးပြေး ကားလမ်းတစ်နေရာမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုမှာ ဂျိုတာရဲ့ ညီဖြစ်သူ အန်ဒရီ ဆေးလ်ဗားလည်း ကွယ်လွန်ခဲ့ပါတယ်။အသက်၂၆ နှစ်အရွယ်ဆေးလ်ဗားက ပေါ်တူဂီ ဒုတိယတန်း ဘောလုံးကလပ် ပန်နာဖီးလ် အသင်းမှာ ကစားနေသူပါ။
ဂျိုတာနဲ့ ဆေးလ်ဗားတို့ ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းကြောင့် ပေါ်တူဂီဘောလုံးမိသားစု တစ်ရပ်လုံး အထူးတုန်လှုပ် ကြေကွဲမိတယ်လို့ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဂျိုတာဟာ ပေါ်တူဂီအတွက် လက်ရွေးစင် ၄၉ ပွဲကစားပြီး ၁၄ ဂိုး သွင်းယူပေးထားသူပါ။ သူဟာ ပေါ်တူဂီအတွက်ဥရောပနိုင်ငံများအမှတ်ပေးပြိုင်ပွဲ ချန်ပီယံဆု ၂ ကြိမ်၊ လီဗာပူးအတွက် အမှတ်ပေးချန်ပီယံဆု၊ ရှုံးထွက်ဖလားနဲ့ လိဂ်ဖလားတွေ ရယူပေးထားခဲ့ပါတယ်။
လီဗာပူးအသင်းကလည်းဂျိုတာကွယ်လွန်ကြောင်း သတင်းကို ကြေညာခဲ့ပြီး ကျန်ရစ်သူ မိသားစုရဲ့ ဆန္ဒအရ အသေးစိတ် အချက်အလက်တွေကို လတ်တလော မှတ်ချက် မပေးလိုသေးကြောင်း ဖော်ပြထားပါတယ်။ ဂျိုတာဟာ ၂၀၂၀ ပြည့်နှစ်မှာ လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး ၁၈၂ ပွဲကစား၊ ၆၅ ဂိုးထိ သွင်းယူပေးထားခဲ့ပါတယ်။
ကိုးကား-CNN
