ဇွန် – ၂၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ – မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။
ဇွန်လ ၁၈ ရက် မနက် ၁၁ နာရီခန့်က မြင်းခြံ – မြို့သာလမ်းပိုင်း မှာရှိတဲ့ နဘူးအိုင်ကျေးရွာ တောင်ဘက် က သိမ်ကုန်းကျေးရွာအနီး ဗုံးကြဲခံရတာပါ။
လေကြောင်းမတိုက်ခင် လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရွာထိပ်က ရေကန်မှာ ငါးမျှားနေတဲ့ အရပ်သား အမျိုးသား တစ်ဦးသေဆုံးခဲ့ရပါတယ်။

Public Service Announcement
” တိုက်ပွဲမရှိဘူး လာပစ်တာ ၊ ဒဏ်ရာရတဲ့ ၃ဦးကတော့ မစိုးရိမ်ရပါဘူး “လို့ မြင်းခြံခရိုင်အတွင်းက တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့အရပ်သား အမျိုးသားဟာ အသက် ၃၀ အရွယ်ဝန်းကျင်ရှိပြီလို့သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီး ၊တောင်သာ ၊မြင်းခြံမြို့နယ်တွေထဲကကျေးရွာတွေအပြင် နယ်ချင်းထိစပ်နေတဲ့ ငါန်းဇွန်မြို့နယ် ၊ မလှိုင်မြို့နယ် ရှိ ရွာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်အချို့မှာတော့ တိုက်ခိုက်မှုပြုလုပ်တဲ့ ရွာတွေဟာ PDF တွေ ရှိတယ်လို့ စွပ်စွဲဝါဒဖြန့်တာတွေရှိပါတယ်။
