ဇွန်-၂၀၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၂၀)မှာ စစ်အာဏာရှင်ဆဆန့်ကျင်ရေးသပိတ်ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုက ဦးဆောင်ပြီး “Freedom form Fear” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ထိုင်သပိတ်မှာလည်းယုံကြည်ချက်ကြောင့် အကျဥ်းကျနေသူတွေအတွက် ဆုတောင်းပေးခဲ့ကြပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်းလူငယ့်အားမာန်သပိတ်စစ်ကြောင်းက ပြည်သူတွေနဲ့ပူးပေါင်းပြီး”ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
