close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်-မန္တလေး ယာဥ်လိုင်းတချို့ အသက်ကယ်အင်္ကျီဝန်ဆောင်မှု စပေး

မိုးကုတ်-မန္တလေး ယာဥ်လိုင်းတချို့ အသက်ကယ်အင်္ကျီဝန်ဆောင်မှု စတင်ပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မိုးကုတ်သွားရန် ဇက်ကူးနေသည်ကို တွေ့ရစဥ် ဓာတ်ပုံ-​ဒေသခံတဦး

ဇွန်-၂၁၊၂၀၂၅။Scorpio/People’s Spring

မိုးကုတ်-မန္တလေး ယာဥ်လိုင်းတချို့ အသက်ကယ်အင်္ကျီဝန်ဆောင်မှု စတင်ပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း၊ မိုးကုတ် လမ်းပိုင်းဟာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မန္တလေး-မိုးကုတ် ယာဥ်တွေဟာ စစ်ကိုင်းတိုင်းကနေတဆင့် ပတ်သွားနေရပါတယ်။ ဧရာဝတီမြစ်ကိုလည်း ဇက်နဲ့ဖြတ်ကူးရသေးတာကြောင့် အခုအခါ ခရီးတင်ယာဥ်လိုင်းတချို့က သူတို့ခရီးသည်တွေအတွက် အသက်ကယ်အင်္ကျီ (Life Jacket)တွေ စတင်ဝယ်ယူအသုံးပြုလာကြောင်း ခရီးသွားတွေက ပြောပါတယ်။

“ဇက်(မော်တော်)တွေက စီးခကြ မတရားယူထားတာ။ အသက်ကယ်အင်္ကျီကြမပေးဘူး။ အသက်ကယ် အင်္ကျီပါမှ စိတ်အေးလက်အေးကူးရဲမှာ။ ခု ခရီးသည်တင်ကားက အသက်ကယ်အင်္ကျီ ပေးတာ ပထမဆုံး ကြားဖူးတာပဲ။”လို့ မိုးကုတ်ကိုခရီးသွားနေကျ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်ရေတက်တဲ့ကာလဖြစ်နေတာကြောင့် မြစ်ရေမြင့်တက်ကာ မြစ်ပြင်ကျယ်နေပြီး ရေကြောင်းပေါ်မူတည်ကာ မကြာခဏ စောင့်ဆိုင်းရလေ့ရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

မိုးကုတ်-မန္တလေးလမ်းပိုင်းက မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း ဒေသတွေမှာ မန္တလေး PDF နဲ့​တော်လှန်​ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စဥ့်ကူးမြို့နယ်၊ ရှားကွဲဘက်ကနေ ဝက်လက်မြို့နယ်၊ ထုံးကြီးရွာဘက်ကို ဇက်နဲ့အကူးမှာ ခရီးသည်တွေ ပါဝင်တဲ့ကားငါးစီးနစ်မြုပ်ပြီးကားပေါ်မှာ ပါလာတဲ့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ နစ်မြုပ်သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ