close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် သူခိုးက အိမ်ရှင်လင်မယားကို ဓါးဖြင့်ထိုး ခင်ပွန်း​သေဆုံးပြီး ဇနီးသည်ဒဏ်ရာရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။

ဓာတ်ပုံ - ရွှေမေတ္တာလူမှုကူညီရေးအသင်း

ဇွန်-၂၁၊၂၀၂၅။ဧရာ/People’s Spring

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။

ယနေ့(ဇွန်လ ၂၁ရက်)နံနက်အစောပိုင်းတွင် သုခဒဂုံအိမ်ယာ၏ E-1 တိုက်ခန်း၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခန်းအတွင်း သူခိုးဝင်ခိုးနေသည်ကို အိမ်ရှင်အမျိုးသားကတွေ့မြင်သွားပြီးဖမ်းရန်ကြိုးစားစဥ် သူခိုးက ဓားဖြင့် ထိုးပြေးခြင်းဟု ယင်းအိမ်ယာ၌နေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဓားနဲ့၁၉ချက်တောင်အထိုးခံရတာ။မိန်းမလည်း ဓားဒဏ်ရာတွေနဲ့။ မိန်းမဖြစ်သူကတော့ဆေးရုံမှာပါ။သူခိုးကို ဝမ်းဖမ်းတာမိတယ်”ဟု၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွားပျက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများနှင့် ရာဇဝတ်မှုများ ပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်းရန်ကုန်မြို့ခံများကပြောသည်။

ရန်ကုန်၊မန္တလေးအပါအဝင် မြို့အများအပြား၌ လုယက်သတ်ဖြတ်မှုများ၊ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွား​​နေပြီး ကျူးလွန်သူများတွင် စစ်သားများ ၊ ရဲများ ၊ပြည်သူ့စစ်​ခေါ် ပျူ​စောထီးများ ကိုယ်တိုင်မကြာခဏပါဝင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ အမရပူရမြို့နယ်အတွင်း သုံးဘီးယာဉ်မောင်း ကို ဓားနဲ့ထိုးပြီး ယာဉ်လုယက်သွားတဲ့ ဆယ်ကျော်သက် ၂ ဦးကို အခင်းဖြစ်ပြီး ၂ ရက်အကြာမှာ ဖမ်းမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ် မရမ်းကုန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။