close
Connect with us

Hi, what are you looking for?

သတင်း

အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။

ဓာတ်ပုံ - MICS-TUsF

ဇွန် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်လည်းဖြစ်တဲ့ ကိုသက်နှင်းအောင် ကို မိသားစု ၊ ရှေ့နေ နဲ့ တွေ့ခွင့် ပိတ်ထားသလို အဆက်အသွ​ယ်ပြတ်တောက်နေတယ်လ်ို့သိရပါတယ်။

အင်းစိန်ထောင်ထဲမှာ အဆိုးဝါးဆုံးတိုက်ပိတ်ခံထားရတဲ့အတွက် သူရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ MICS -TUsF က ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထောင်မှာ တိုက်ပိတ်ခံရတယ်ဆိုတာကတော့ အလင်းရောင်မရှိသလို လေအဝင်အထွက်မကောင်းတဲ့ အခန်းကျဉ်းထဲမှာ ပိတ်လှောင်ထားတာဖြစ်ပါတယ်။

အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ကို စစ်ကောင်စီ ရဲ့ လူ့အခွင့်အရေးကော်မရှင်က လာရောက်ချိန်မှာ အကျဉ်းသားတွေရဲ့ လိုအပ် ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ကိုသက်နှင်းအောင်အပါအဝင် အကျဉ်းသား သုံးဦး ထောင်တွင်းမှာ ပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ခံရပါသေးတယ်။

အဲဒီရိုက်နှက်မှုမှာ ကိုသက်နှင်းအောင် ရဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ကိုသက်နှင်းအောင်ဟာ NLD အစိုးရ လက်ထက်မှာ အစိုးရ ၊ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းရေးကော်မတီဝင်ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ မြဝတီမြို့မှာ ဖမ်းခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် နှစ် နှစ် ချခံရပါတယ်။

အဲဒီထောင်ဒဏ် နှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံရပြီး လွတ်ရက်စေ့ခါနီးမှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ နဲ့ ထပ်တရားစွဲကာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတစ်ဦးသည် အင်းစိန်ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ပြင်ပဆေးရုံတွင် ကုသနေစဉ် ယမန်နေ့(ဇွန်လ ၁၁ရက်)၌ ကွယ်လွန်သွားခဲ့သည်။

သတင်း

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ခေါ်ဆောင်သွား၍ အာရက္ခတပ်‌တော်(AA)နှင့် တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်သည့်အခြေအနေအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women's Organization of Political Prisoners)က ထုတ်ပြန်ပါတယ်။

Facebook