close
Connect with us

Hi, what are you looking for?

သတင်း

ကပစ (၂၂)မှစစ်သားတဦးကို ​တောင်သာPDFဖမ်းမိ

အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂) မှ စစ်ကောင်စီ တပ်သားတစ်ဦးကို ဖမ်းမိကြောင်း ​တောင်သာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

​တောင်သာ PDF ကဖမ်းဆီးရရှိထားသည့် ကပစ (၂၂) မှစစ်သားနှင့်အ​ထောက်အထားများကို​တွေ့ရစဥ်။​ ဓါတ်ပုံ-တောင်သာPDF

ဇွန်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂) မှ စစ်ကောင်စီ တပ်သားတစ်ဦးကို ဖမ်းမိကြောင်း ​တောင်သာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဇွန်လ ၁၇ ရက်က တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များသည်လမ်းပိုင်းစစ်ဆေးမှုပြုလုပ်​နေစဥ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူနှင့်အတူ ကိုယ်ပိုင် အမှတ်နှင့် တပ်ကြပ်ကြီးအောင်ဖြိုး အမည်ပါ ကတ်ပြား၊မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင် နှင့် တမတ်သားရွှေလက်စွပ်တကွင်းတို့ပါ ​သိမ်းဆည်းရရှိခဲ့ရသည်ဟုဆိုသည်။ ထိုအပြင် စစ်တပ်ထံမှ ဇွန် ၁၇ မှ ဇွန် ၂၆ ရက်အထိ ​ရှောင်တခင်ခွင့် ​ခေါင်းစဥ်ဖြင့် ခရီးသွားလာခွင့်အမိန့်စာရွက်ကိုလည်း​တွေ့ရသည်။

Public Service Announcement

Public Service Announcement

“အ​ခြေခံအချက်တွေပဲသိရပါသေးတယ်။သူ့ဆီက စစ်ဆေးမှုလုပ်နေတုန်းပဲ”ဟုအထက်ပါတာဝန်ရှိသူက​ပြောသည်။

ယခင်ကလည်း လမ်းပိုင်းဆိုင်ရာစစ်ဆေးမှုတွင် စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် ရဲအချို့ကို ဖမ်းဆီးရမိမှု ရှိခဲ့ဖူးသည်ဟု၎င်းက​ပြောသည်။

မကွေးတိုင်း၊ဆိတ်ဖြူမြို့နယ်တွင်ရှိသည့်စစ်ကောင်စီ ကပစ (၂၁ )သည် လေယာဥ်ဗုံးများကို အဓိကထုတ်လုပ်သည်ဟုသိရပြီး ကပစ (၂၂) သည် MA 1၊2၊3နှင့် 4 စ​သောလက်နက်ငယ်မျးကို အဓိကထုတ်လုပ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ​၏ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)က တိုက်ခိုက်မခံရရေးအတွက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း ဆိပ်ဖြူမြောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူ ကိုသူရိန်က လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Facebook