close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်အစိုးရပိုင်ကုမ္ပဏီ AVIC တွင် ရင်းနှီးမြှုပ်နှံထားမှုများကို ဥရောပအကြီးဆုံးလေကြောင်းကုမ္ပဏီ AIR BUS ရုပ်သိမ်း

အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်၊ စစ်လက် နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင်ကုမ္ပဏီ AVIC တွင် ရင်းနှီးမြှုပ်နှံထားမှုများကို ဥရောပအကြီးဆုံးလေကြောင်းကုမ္ပဏီ AIR BUS က ရုပ်သိမ်းလိုက်သည်။

ဇွန်-၂၀၊ ၂၀၂၅။ ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်၊ စစ်လက် နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင်ကုမ္ပဏီ AVIC တွင် ရင်းနှီးမြှုပ်နှံထားမှုများကို ဥရောပအကြီးဆုံးလေကြောင်းကုမ္ပဏီ AIR BUS က ရုပ်သိမ်းလိုက်သည်။

ယမန်နေ့(ဇွန်လ ၁၉ ရက်)တွင် အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar ၏ ကြေညာချက်အရ AIRBUS၏ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းလိုက်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ ဆန္ဒပြတောင်းဆိုသူများနှင့် လူပုဂ္ဂိုလ်အသီးသီးပါဝင်သော အုန်းအုန်းကျက်ကျက် လှုပ်ရှားတောင်းဆိုမှုများကြောင့်ဟု ဆိုသည်။

ယင်းလှုပ်ရှားတောင်းဆိုမှုများတွင် Airbus အား တရုတ်အစိုးရပိုင်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြု၍ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများအား ရပ်ဆိုင်းစေရန်၊ သို့ မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

AviChina ၏ ထုတ်ကုန်များတွင် K-8 လေ့ကျင့်ရေး/ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်တို့ ပါဝင်သည်။

ထိုလေယာဥ်အမျိုးအစားနှစ်ခုလုံးကို အကြမ်းဖက်စစ် အုပ်စုလေတပ်က နိုင်ငံတစ်ဝန်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည်။

Airbus သည် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုကို ၂၀၂၅ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်ခဲ့ပြီး ထိုအကြောင်းကို မတ်လ ၃၁ ရက်ထုတ် သုံးလပတ်ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းချက် တွင် ဖော်ပြခဲ့သည်။

Justice For Myanmar နှင့် Info Birmanie တို့ထံ အကြောင်းပြန်ကြားသည့် အီးမေးလ်တွင် Airbus ၏ ပြောရေးဆိုခွင့်ရှိသူက “Airbus SE ကုမ္ပဏီအနေနဲ့ Aviation Industry Corporation of China (AVIC) ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ AviChina Industry & Te chnology Company Limited က ရှယ်ယာအားလုံးရောင်းချမှုကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ Airbus အနေနဲ့ AVIC မှာ မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မရှိတော့ပါ” ဟု အတည်ပြုခဲ့သည်။

Airbus သည် AviChina တွင် ရှယ်ယာ ၅.၀၃ ရာခိုင် နှုန်းပိုင်ဆိုင်သည့် တစ်ခုတည်းသော အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင် ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ စာရင်းအရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ရှိသည်။

“တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး နည်းပညာတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အဓိကရောင်းချထောက်ပံ့တဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပြီး၊ ယခုလို ကြံရာပါ ပတ်သက်မှုကို အဆုံးသတ်ဖို့ လိုပါတယ်။Airbus အနေနဲ့ မြန်မာစစ်အုပ်စုအတွက် AVIC ရဲ့ ပံ့ပိုးမှုအား လုံးကို ဖြတ်တောက်စေဖို့ AVIC အပေါ် ကိုယ့်ရဲ့ဩ ဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး၊ နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့၊ ဒါမှမဟုတ် AVIC နဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ပြိုင်တည်းရပ်တန့်လိုက်ဖို့ အလွန်အရေးကြီးပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

AIRBUS အနေဖြင့် AviChina ကုမ္ပဏီနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်ခြင်းသည် မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) က အသိပေးသည်။

အကြမ်းဖက် စစ်အုပ်စုကို လေယာဉ်၊ စစ်လက် နက်ပစ္စည်းများနှင့် နည်းပညာ ထောက်ပံ့ပေးနေသော တ ရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက် အရှက်ရဖွယ် ထိုးနှက်ချက်ဟု ဆိုသည်။

“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက် လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။ လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး လုပ် ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်”သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ မူလန်က ပြောသည်။

စစ်အုပ်စုကျုးလွန်နေသည့် ရာဇဝတ်မှုများကို ဂုဏ် သိက္ခာရှိသည့် လူ့အသိုင်းအဝိုင်းမှ လက်မခံကြောင်း ပြသခြင်းဖြစ်ကာ အခြားသော နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေခြင်းများကို ချက် ချင်းရပ်တန့်ရန် Blood Money Campaign က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

သတင်း

ဇွန်-၉၊၂၀၂၅။ဆဏ်း/People’s Spring မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များရပ်တန့်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့၌ တော်လှန်အနုပညာရှင် ခါရာက တောင်းဆိုလိုက်သည်။ ဇွန်လ ၈ ရက်တွင် ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခါရာက မြန်မာပြည်ဖွား...

သတင်း

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

သတင်း

မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုပေးနေသည့် တရုတ်ကုမ္ပဏီ AVIC ဖိအားပေးရေး ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ကို Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။

Facebook