ဇွန်-၁၅၊၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင် စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဇွန်လ ၁၄ ရက်နေ့နံနက်၁၀ နာရီ ၊၂၀ မိနစ်ခန့်ကကျောက်တံခါးမြို့နယ်၊ပဲနွယ်ကုန်းမြို့ ခမရ – ၃၀၇ ရွှေဝါတပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ၊ ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်၊ ရွှေချောင်းရွာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးပွဲ ချင်းပြီးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။
လက်နက်ကြီးထိမှန်၍ သေဆုံးသွားသူများမှာ ၂၈ နှစ်အရွယ် မစုမွန်လှိုင်နှင် ၆ နှစ်အရွယ် မောင်စစ်သွေးသူရပိုင်တို့ဖြစ်ပြီး ၄၆ နှစ်အရွယ် ဦးကျော်သူရသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပဲခူးခရိုင် ပကဖ မှ အသိပေးသည်။

Public Service Announcement
အလားတူ ယင်းနေ့(ဇွန်လ ၁၄ ရက်)ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပိန်းဇလုပ်မြို့အခြေစိုက်ခလရ – ၂၆၄ တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာကျောက်တံခါးမြို့နယ်၊ တောင်ခင်အုပ်စု၊ နွားရေချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်မြခင်(၆၅ နှစ်)၊ ကိုစိုးသူ(၃၉ နှစ်)တို့ လက်နက် ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါအတိုင်းစစ်ကောင်စီတပ်ကလက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပဲခူးခရိုင်ပကဖ မှ တာဝန်ရှိသူက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ကျေးရွာနေပြည်သူများထံ လက်နက်ကြီးပစ်ခက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးကာ ပြည်သူ ၅၀ ဦးနီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ စာရင်းများအရ သိရသည်။
