close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ တွင်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU

ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ အတွင်းသို့ စစ်ကောင်စီတပ် ခမရ(၃) တပ်ရင်းစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

လက်နက်ကြီးကြောင့်နေအိမ်အချို့နှင့်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည်ကျိုက်ထိုမြို့နယ်မဲလံကျေးရွာအုပ်စု ဘုရားရွာရှိ ပြည်သူလူထုနေထိုင်ရာ နေရာများသို့ လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်ဟုလည်း သိရသည်။

မေလကုန်ပိုင်းကလည်းသထုံခရိုင်သထုံမြို့နယ်တွင်တောထဲအင်ဥရှာဖွေနေသည့်ပိန္နဲတောရွာသား ၁ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု KNU ဒူးသထူခရိုင်က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မေလအတွင်းက သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်များအတွင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ထိုသို့ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ရှစ်ထောင်ကျော်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီများလိုအပ်နေသည်ဟုအသိပေးထားသည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၉ရက်တွင် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့၍ ကလေးငယ် ၃ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ ၂၂ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်အပေါ် KNU က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့်တချိန်တွင် ၎င်း၏ အကြမ်းဖက်မှု လုပ်ရပ်များအတွ့က်ပြန်လည်တာဝန်ခံရမည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင် စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ကချင်ပြည်နယ်ဖားကန့်မြိုနယ်၊ လုံးခင်းဒေသခွန်ဆာကုန်းအ နီးဇွန်လ ၆ရက်ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။